အွန်လိုင်းကနေစျေးရောင်းသူတွေကို အခွန်ဆောင်ခိုင်း

၃၀ ဒီဇင်ဘာ၊၂၀၂၃

အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့ အွန်လိုင်းရှော့ပင်းလုပ်သူတွေ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁) ရက်ကနေ့ကစပြီး မှတ်ပုံတင်ခြင်းမရှိဘဲ ရောင်းချပါကအရေးယူဆောင်ရွက်သွားမယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့ အွန်လိုင်းရှော့ပင်းလုပ်သူတွေ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစပြီး မှတ်ပုံတင်ကြေး စတင်ကောက်ခံသွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနဘက်က ကြေညာလိုက်တာပါ။

အွန်လိုင်းလုပ်ငန်းအတွက် ကောက်ခံသွားမယ့် မှတ်ပုံတင်ကြေးတွေကတော့ ကုမ္ပဏီ ဒါမှမဟုတ် စီးပွားရေးအဖွဲ့အစည်းတွေအနေနဲ့ မှတ်ပုံ တင်ကြေး ခုနစ်သောင်းကျပ်နဲ့ သက်တမ်းတိုးကြေး ခုနစ်သောင်းကျပ်ဖြစ်တယ်လို့ သိရပါတယ်။

အွန်လိုင်းရောင်းချသူတွေရဲ့ လုပ်ငန်း မှတ်ပုံတင်သက်တမ်း ၂ နှစ်အထိ ခွင့်ပြုမှာဖြစ်ပြီး၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစပြီးအခွန်စတင်ဆောင်ရတော့မှာဖြစ်ပါတယ်။

Online Sales လုပ်ငန်း မှတ်ပုံတင်စနစ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ မှတ်ပုံတင်တွေအတွက် သက်တမ်း ၆ လ နဲ့ မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့် ပြုခဲ့တာဖြစ်ပါတယ်။

အွန်လိုင်းကနေရောင်းချမူလိုင်စင်အတွက် SME လုပ်ငန်းဆိုင်ရာ အသိအမှတ် ပြုထားတဲ့ အထောက်အထားတစ်ခုခုပါရှိတဲ့ ကုမ္ပဏီ ဒါမှမဟုတ် စီးပွားရေးအဖွဲ့အစည်းတွေကတော့ မှတ်ပုံတင် ကြေးငါးသောင်းကျပ်နဲ့ သက်တမ်းတိုးကြေး ငါးသောင်းကျပ် ဖြစ်ပြီး၊လူပုဂ္ဂိုလ်တစ်ယောက်ချင်းကမှတ်ပုံတင်ကြေး သုံးသောင်းကျပ်နဲ့ သက်တမ်းတိုးကြေး သုံးသောင်းကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

မှတ်ပုံတင်ကို ပြင်ဆင်မယ်ဆိုရင်လည်း ပြင်ဆင်ကြေးတွေကတော့ တစ်ချက်ကို သုံးထောင်ကျပ် ပေးဆောင်မယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *