တိုကျို၊ မေ ၂၂
တရုတ်ကွန်မြူနစ်ပါတီ အကြီးတန်းအရာရှိတစ်ယောက်နဲ့ ဂျပန်အာဏာရပါတီခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။ ဒါဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပုံမှန်ဆွေးနွေးပွဲတွေ ပြန်စဖို့ ခြေလှမ်းပြင်လိုက်ကြတာ ဖြစ်ပြီး တရုတ်အရာရှိက အခုလမှာ တိုကျိုမြို့ကို လာဖို့စီ စဉ်နေတယ်လို့ ဂျပန်ရုပ်သံ NHK က မေ ၂၂ ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။
ပြည်ပနိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေး စီမံခန့်ခွဲရေး တာဝန်ခံ ကွန်မြူနစ်ပါတီကို ဦးဆောင်သူ လျူ ရှင်းချောင်ဟာ လာမယ့် မေလ ၂၉ ရက်နေ့မှာ ဂျပန်နိုင်ငံ ရောက်လာမယ်လို့လည်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး NHK က ထုတ်လွှင့်ခဲ့ပါတယ်။
မစ္စတာ လျှောင်ဟာ ဂျပန်နိုင်ငံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးချုပ်တိုရှီမိဆု မိုတေးဂီနဲ့ အငယ်တန်းညွန့်ပေါင်းပါတီ ကိုမိတိုရဲ့ ကိုယ်စားလှယ်ချုပ် နာဆူအို ယာမာကူချီ တို့နဲ့ တွေဆုံ ဆွေးနွေကြမယ်လို့ သိရပါတယ်။
Ref: Reuters
Feature Image Credit: Reuters



