ဘေကျင်း၊ ဒီဇင်ဘာ ၁၅
တရုတ်နိုင်ငံရဲ့ ဒေသ အတောာ်များများမှာ အပူချိန်ကျဆင်းပြီး ဆီးနှင်းနဲ့ ရေခဲတွေ ဖုံးလွှမ်းနေလို့ အဝေးပြေးလမ်း တွေ အပါအဝင် လမ်းအတော်များများကို ပိတ်ထားရတယ်လို့ သိရပါတယ်။
ပြည်နယ်အများအပြားမှာ လမ်းတွေပေါ် ဆီးနှင်းတွေကျရုံသာမက ရေခဲတဲ့ အခြေအနေပါ ဖြစ်နေလို့ ဒီနေ့ ဒီဇင်ဘာ ၁၅ရက် သောကြာနေ့ မှာ ယာဉ်တိုက်မှုတွေ ပိုများလာလို့ တရုတ်အာဏာပိုင်တွေက အဝေးပြေး လမ်းမတွေပေါ် သွားလာတာကို ကန့်သတ်လိုက်ပါတယ်။
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလောင်းဂျင်း ပြည်နယ်နဲ့ အနောက်ဘက်ပိုင်း ရှင်ကျန်း ဒေသ၊ မွန်ဂိုလီးယား၊ ဂန်စုနဲ့ ချင်းဟိုင် ပြည်နယ်တွေမှာ အပူချိန်ဟာ အနုတ် ၄၀ဒီဂရီစင်တီဂရိတ်အထိ ထပ်ပြီး ကျဆင်းသွားဦးမယ်လို့ တရုတ်နိုင်ငံ အမျိုးသားမိုးလေဝသဌာနမှ ခန့်မှန်းထားတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံမြောက်မှတောင်ကို ရွေ့လျားလာတဲ့ အအေးလှိုင်းဟာသီတင်းပတ်ကုန်မှာ အပူချိန်လျော့ကျ သွားဖွယ်ရှိ ကြောင်းကိုလည်း မိုးလေ၀သဌာနက ထုတ်ပြန်ထားပါတယ်။
ဟီနန်ပြည်နယ်မှာလည်း နှင်းမိုးတွေရွာပြီးတဲ့နောက် မြူပိတ်နေတဲ့လမ်းတွေ အပါအဝင် အမြန်လမ်းတွေမှာ ယာဉ်မတော် တဆမှုတွေ အများကြီး ဖြစ်ခဲ့ပါတယ်။။
နင်ကျန်း ပြည်နယ်က ယာဉ်ထိန်းအာဏာပိုင်တွေက အဝေးပြေးလမ်းတချိုဟာ အန္တရာယ်မကင်းကြောင်းနဲ့ ဆီးနှင်းတွေ ကျလို့ ယာယီယာဉ်ကြောပိတ်ဆို့မှုတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ ပြောဆိုပါတယ်။
မြောက်ပိုင်းကလေအေးတွေကြောင့် ဒေသအနှံ့အပြား အခုသီတင်းပတ်ကုန်မှာ အပူချိန် အနုတ် ၆ဒီဂရီစင် တီဂရိတ် အထိ လျော့ကျနိုင်သေးတယ်လို့လည်း သိရပါတယ်။
Ref: Reuters/ga
ပုံစာ။ ဒီဇင်ဘာ ၁၄ရက်နေ့က တွေ့ရတဲ့ ဘေကျင်းက လမ်းတွေရဲ့ အခြေအနေ
Feature Image Credit: REUTERS/Tingshu Wang



