အေးခဲနေတဲ့ရာသီဥတု အောက်မှာ တရုတ်ကယ်ဆယ်ရေး သမားတွေကငလျင်ဘေးက အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေ

ဆိုးရွားတဲ့ ရာသီဥတုကြားက ကယ်ဆယ်ရေးသမားများ
Photo Credit: Reuters

ဂန်ဆု၊ ဒီဇင်ဘာ၂၀

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်ဆု ပြည်နယ်မှာ ဒီဇင်ဘာ၁၈ရက်က  အားပြင်းငလျင်လှုပ်ခတ်အပြီး အသက်ရှင် ကျန် ရစ်သူတွေကို ရှာဖွေနေတဲ့  ထောင်နဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေဟာ အအေးဒီဂရီ သုညအောက် အထိရောက် နေတဲ့ အခြေအနေတွေကြားထဲမှာ ကယ်ဆယ်ရေးလုပ်ငန်းနဲ့ ကုသရေးလုပ်ငန်းတွေကို လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

ပြင်းအား ၆ ဒသမ၂ ရှိတဲ့ ငလျင်ဟာ ဒီဇင်ဘာ ၁၈ရက်  တနင်္လာနေ့ ညသန်းခေါင်မတိုင်မီ တစ်မိနစ်အလိုမှာ ဂန်ဆုနဲ့ ကျင်ဟိုင် ပြည်နယ်နယ်စပ်နားက ကျီးရှန်  ခရိုင်မှာ လှုပ်ခတ်သွားခဲ့ပြီး ထိတ်လန့်တုန်လှုပ်နေတဲ့  ဒေသခံတွေလည်း ညရဲ့အအေးဒဏ်တွေကြားမှာ အိမ်တွေကနေ ထွက်ပြီး ရှောင်တိမ်းခဲ့ကြရပါတယ်။

လမ်းမီးနဲ့ ဓာတ်အားလိုင်းတွေသာမက  အိမ်ခြေ ၁၅၀,၀၀၀ ကျော်လည်း  ပျက်စီးပြီး မြေပြိုမှုနဲ့အတူ ရွှံ့နွံတွေပါ လမ်းတွေ ပေါ် ပိတ်ဆို့ခဲ့ပါတယ်။

ငလျင်ဒဏ်သင့်ဒေသဟာ ပထဝီဝင်အနေအထားအရ ကုန်းပြင်မြင့်နှစ်ခုကြားမှာ အမြင့်ပေ၁၈၀၀ ကနေ ၄၃၀၀ မီတာ အထိ ရှိပြီး  မြေမျက်နှာသွင်ပြင်u အတော်ကိုရှုပ်ထွေးတဲ့ အနေအထားလို့  နိုင်ငံပိုင်ရုပ်သံ CCTV က ပြောပါတယ်။

ကနဦးနေ့က ၁၁၃ ယောက် သေဆုံးခဲ့ပြီး ၇၈၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နောက်ဆုံးအခြေအနေတွေအရ  ဒီဇင်ဘာ ၂၀ရက် ဗုဒ္ဓဟူးနေ့ မနက် ၅ နာရီ ၃၀ မိနစ်အထိ သေဆုံးသူ ၁၈ ယောက် ထပ်တိုး လာပြီး ၁၉၈ယောက် ဒဏ်ရာကုသနေရတယ်လို့ သိရပါတယ်။

Ref: Reuters/rc

ပုံစာငလျင်ကြောင့်ပြိုကျသွားတဲ့ အဆောက်အဦတစ်ခု

Feature Image Credit: AFP

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *