အသတ်ခံရတဲ့အမျိုးသမီးဆီက ငွေကျပ် သိန်း ၂၀၀နဲ့ ဆိုင်ကယ်ကိုပါ ယူဆောင်ထွက် ပြေးသွား
မန္တလေး၊ ဧပြီ ၂
မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊၊မေဃဂီရိရပ်ကွက်၊အကွက်(၁၄၆)၊ ၁၈လမ်းနဲ့၁၉ လမ်းကြား၊လမ်း၈၀နဲ့၈၁လမ်းကြားက နေ အိမ်တစ်အိမ်မှာ အိမ်ငှားနေထိုင်တဲ့ Online ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူအောင်နိုင်ဝေဆိုသူက သူ့ဆီကို ငွေလွှဲဖို့ ရောက် လာ တဲ့အသက်၃၇နှစ် အရွယ် အမျိုးသမီးကို သတ်ဖြတ်ပြီး အသတ်ခံရ တဲ့အမျိုးသမီးမှာ ပါလာတဲ့ငွေကျပ်သိန်း ၂၀၀နဲ့ ဆိုင်ကယ်ကိုပါ ယူဆောင်ထွက် ပြေးသွားတဲ့ ဖြစ်စဉ်တစ်ခု ဧပြီလ၂ရက်နေ့ မွန်းလွဲ၁၂နာရီ၄၇မိနစ်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေ ဆီက သိရပါ တယ်။
အသတ်ခံလိုက်ရတဲ့အမျိုးသမီးဟာ အောင် မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက်နေထိုင် သူဖြစ်ပြီး သူ့ကိုသတ်မယ့်လူဆီ ငွေလွှဲဖို့ လာတဲ့အချိန်အသတ်ခံခဲ့ရတာပါ။
မ….(၃၇နှစ်)ဟာလည်ပင်းပြတ်ရှဒဏ်ရာ၊ဝဲ-ပါးစောင်ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံး သွားခဲ့ပြီး ၎င်းကို သတ်သွားခဲ့တဲ့ အောင်နိုင် ဝေဆိုသူကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး စီ စဉ်ဆောင်ရွက်နေတယ်လို့လည်း သိရ ပါတယ်။



