အောင်မြေသာစံမြို့နယ်မှာ လျှပ်စစ်ဝါယာကြိုးတက်ခိုးသူတစ်ဦး ဓါတ်လိုက်ပြီး ရေမြောင်းထဲပြုတ်ကျသေဆုံး

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်ဒေါနဘွားရပ် ကွက်၊ဖောင်တော်ဦးကျောင်းအရှေ့ဘက်လမ်းမှာ အောက်တို ဘာလ၂၄ရက်မနက် ၇နာရီ၂၅မိနစ်က လျှပ် စစ်ဝါယာကြိုးတက်ခိုးသူအမျိုးသားတစ်ဦး ဓါတ်လိုက်ပြီး ရေမြောင်းထဲပြုတ်ကျသေဆုံးတဲ့ဖြစ်စဥ်တစ်ခုဖြစ် ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သေသွားတဲ့သူရဲ့ အခြေအနေကို ကြည့်ရရင် မနေ့ညက ဓါတ်တိုင်ပေါ်တက်ပြီး ဆားဗစ်ကြိုး(လျှပ်စစ်ဝါယာကြိုး)တက်ခိုးတာ ဓါတ်လိုက်ပြီး အောက်က ရေမြောင်းထဲပြုတ်ကျသေသွားတ္နေမှာ”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

သေဆုံးသွားတဲ့အမျိုးသားရုပ်အလောင်းကို နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်းက မော် တော်ယာဥ်နဲ့မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *