အောင်မြေသာစံမြို့နယ်မှာ ဆေးဆိုင်တစ် ဆိုင်ဓားပြတိုက်ခံရ

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊၆၂ လမ်း၊၂၄လမ်းနဲ့၂၅လမ်းကြားက ဂျီဝမ်း ဆေးဆိုင်မှာ ဇူလိုင်လ၂၄ရက်ည၈နာရီခွဲ က ဓားပြတိုက်ခံရပြီး ဓားပြအဖွဲ့က ဆိုင်ပိုင် ရှင်ဆီကနေ ကာလတန်ဖိုးငွေ ကျပ်သိန်း ၁၀၀၀တန်ဖိုးရှိတဲ့ရွှေငွေလက်ဝတ်ရတနာများကို ယူဆောင်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင်၂၄ရက်ည ၈နာရီ၃၀ မိနစ်က အောင်မြေသာစံမြို့နယ်၊၆၂လမ်း၊ ၂၄ လမ်း နဲ့၂၅လမ်းကြားက ဂျီဝမ်းဆေး ဆိုင်မှာ ဆိုင်ပိုင်ရှင်ဦး…နဲ့ဆိုင်အလုပ် သမားတို့ဟာဆေးဆိုင်ပိတ်နေချိန် Honda Fit အဖြူရောင်ယာဉ်(နံပါတ်စိစစ်ဆဲ) နဲ့ အမျိုးသား၅ဦးတို့ဟာ သေနတ် အရှည်၂ လက်၊အတို၁လက်တို့ကို ကိုင်ဆောင် ရောက်ရှိလာပြီး ဆေးဆိုင်က လူများကို သေနတ်ပြချိန်းခြောက်ပြီး လက်ပြန်ကြိုး တုပ်မှောက်ခိုင်းကာ ဆေးဆိုင် ရောင်း ချငွေများအပါအဝင် ရွှေလက်ကောက် ၁၀ကွင်း၊ရွှေနားကပ်၆ရံ၊ရွှေဘယက်နှင့်ရွှေတုံး၁တုံး (ကာလတန်ဖိုးငွေ စုစုပေါင်း ကျပ်သိန်း၁၀၀၀ခန့်)ကို လုယက် ယူဆောင်ပြီး ၎င်းတို့စီးနင်းလာတဲ့ အဖြူ ရောင် Honda Fitယာဉ်နဲ့ မောင်းနှင် ထွက်ပြေးသွားခဲ့တာလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *