အောင်မြေသာစံမြို့နယ်မှာ ယာဉ်ထိန်းရဲ ဒုတပ်ကြပ်တစ်ယောက် သေနတ်နဲ့ ပစ် သတ်ခံရ

ဖြစ်စဉ်မှာ ဇူလိုင်၁ရက်နေ့ညနေ၆နာရီက မန္တလေးယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတပ် ကြပ်ချစ်ဇော်ဝင်းဟာ MDY 51W/—– စကူဖီးနီနက်အကြားဆိုင်ကယ်နဲ့ တစ် ယောက်တည်း ဆိုင်ကယ်စီးလာချိန် အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံ ရပ်ကွက်၊ ၂၆လမ်းနဲ့၆၂(ဘီ) လမ်း ထောင့်အရောက်မှာ နောက်မှ လိုက်ပါ လာတဲ့အမည်မသိအမျိုးသားနှစ် ယောက် စီးနင်းလာတဲ့ဆိုင်ကယ်ပေါ်ကနေ သေ နတ်နဲ့သုံးချက် ပစ်ခတ်ပြီး ထွက်ပြေး သွားခဲ့ရာ ယာဉ်ထိန်းရဲ ဒုတပ်ကြပ်ချစ်ဇော်ဝင်းမှာ သေနတ်ဒဏ်ရာ၂ချက် ထိမှန်ခဲ့ပြီးအခင်းဖြစ်ပွားရာနေရာ အနီး မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *