အောင်မြေသာစံမြို့နယ်မှာ စိတ်ဝေဒနာရှင် အမျိုးသားတစ်ယောက် ချောင်းထဲကို ခုန် ချသေဆုံး

မန္တလေးမြို့၊ အောင်မြေသာစံမြိုနယ်၊ အိုးဘို ရွှေကျင်ရပ်ကွက်၊၇၆ လမ်းနဲ့၁ လမ်းက သင်္ဂဇာချောင်းထဲကို ဇွန်လ ၁၆ ရက်နေ့၊ ည ၇ နာရီ ၄၅ မိနစ်အချိန်က စိတ်ရောဂါဝေ ဒနာသည် အမျိုးသားတစ်ယောက် ချောင်းထဲ ခုန်ချ သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့လူမှုကူညီရေးဆောင်ရွက်သူတွေဆီက သိရပါတယ်။

အခင်းဖြစ်နေရာကို အောင်မြေသာစံမီးသတ် စခန်းက အုပ်ချုပ်မှုယာဉ် (၁)စီး၊ ရှာဖွေ ကယ်ဆယ်ရေးယာဉ် (၃)စီး၊ ရှာဖွေ ကယ် ဆယ်ရေးတပ်ဖွဲဝင်များ၊ အရန်မီးသတ် တပ်ဖွဲဝင်များက လူမှုကူညီရေးအဖွဲ့အ စည်းများနဲ့ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရုပ် အလောင်းကို ည၈နာရီ၁၀မိနစ်မှာရှာဖွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *