အောင်မြေသာစံမြို့နယ်မှှာ အမျိုးသား တစ်ယောက် အောက်စီဂျင်ပြတ်ပြီးသေဆုံး

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊၂၃လမ်း၊၆၃ လမ်းနဲ့၆၄လမ်းကြားရှိ ဆောက်လုပ် ရေးလုပ်ငန်းခွင်အတွင်းက ကွန်ကရစ် လောင်းထားတဲ့ရေလှောင်ကန်အတွင်းကို မေလ၁၇ရက်မနက်၉နာရီကျော်က ပန်းရံ လုပ်သားအမျိုးသားတစ်ယောက်ဟာ ဆင်း ပြီး ဘုတ်ပြားများကို ဖြုတ်နေချိန်မှာ အောက် စီဂျင်ပြတ်ပြီး သေဆုံးသွားခဲ့တယ်လို့ လှုမှုကူညီရေးဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

“ဒီနေ့ဖြစ်စဉ်မှာရေကန်ကမနက်ပါဘူး၅ပေကျော်လေးပဲရှိတာပါ အဖုန်းဖွင့်ပြီးချက် ချင်းဆင်းလို့ဖြစ်တာပါ။ကန်အတွင်းထဲပြင်ပ အောက်စီဂျင်မရသေးပဲဆင်းတာကြောင့်မသေသင့်ပဲသေတာပါ။အားလုံးသတိပါ´´ လို့ ကိုသိန်းထွန်းအောင်(နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့)က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားပါတယ်။

PHOTO– Thein Tun Aung

ဖြစ်စဉ်မှာမေလ၁၇ရက်မနက်၉နာရီကျော်က အောင်မြေသာစံမြို့နယ်၊၂၃လမ်း၊၆၃ လမ်း နဲ့၆၄လမ်းကြားရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအတွင်း ကွန်ဂရစ်လောင်းထား တဲ့ ရေလှောင်ကန်ကို အဖုံးဖွင့်ပြီးဘုတ် ပြားများ ဆင်းဖြုတ်တဲ့အမျိုးသားတစ်ယောက် အောက်စီဂျင်ပြတ်သတိလစ်နေတာကြောင့် နောက် တစ်ယောက်က ဆင်းကယ်ရာ ဆင်းကယ်တဲ့သူမှာလည်း အောက်စီဂျင် ပြတ်သတိလစ်သွားခဲ့တာကြောင့်နန်းတော် ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ကို အကြောင်း

ကြားခဲ့တဲ့အတွက် ကူညီကယ်ဆယ်ရေးလုပ် ငန်းများဆောင်ရွက်ပေးခဲ့ရာ အောက်စီဂျင် ပြတ်ပြီးသတိလစ်နေသူနှစ်ဦးကိုအမြန်ဆယ်ယူပြီး CPRပြုစုခြင်းနဲ့အောက်စီဂျင်ပေးခြင်း များကို ဆောင်ရွက်ပြီး ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပေမယ့် အောက်စီဂျင်ပြတ်ပြီး သတိလစ်နေသူကို ဆင်းကယ်ခဲ့တဲ့ အသက် ၃၅နှစ်အရွယ်အမျိုးသားဟာ သေဆုံးသွားခဲ့ တယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *