အောင်မြေသာစံမြို့နယ်က ရွှေပန်းတိမ်ဆိုင်တစ်ဆိုင်မှာ ရဲအယောင် ဆောင်ပြီး ရွှေထညိပစ္စည်းများ လုယက်ယူဆောင် သွားသူများဖမ်းမိ

ဧပြီ(၈)၊မန္တလေး

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းနဲ့ ၈၉ လမ်း ထောင့်က …ရွှေပန်းတိမ်ဆိုင်မှာ ရဲအယောင်ဆောင်ပြီး ရွှေထညိပစ္စည်းများ လုယက်ယူဆောင် သွားသူများဖမ်းမိခဲ့တယ်”လို့ သိရပါတယ်။

ဖြစ်စဥ်မှာ မတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်က အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းနဲ့၈၉ လမ်းထောင့်ရှိ “လင်းလက်ဝါ”ရွှေပန်းတိမ်ဆိုင်ကို ရဲတပ်ဖွဲ့ဝင်များပုံသ

ဏ္ဍာန်အသွင်ယူဝတ်ဆင်ထားတဲ့ အမျိုးသားလေးဦးဟာ အဖြူရောင်မော်တော် ယာဉ်တစ်စီးနှင့်အတူ ရောက်ရှိလာပြီး နေအိမ်အတွင်းကို ဝင်ရောက်ကာ ဧည့်စာရင်းစစ်ရန်နှင့် လူများစစ်ဆေးရန်ရှိကြောင်းပြောဆိုပြီး အိမ်ရှင်များအား တွန်းထိုးရိုက်နှက်ပြီး နေအိမ်အပေါ်ထပ်ရှိ အခန်းများအား လိုက်လံပြသခိုင်းကာ နေအိမ်တတိယထပ်ရှိ ရွှေထည်ပစ္စည်းများထားတဲ့ မီးခံသေတ္တာအားဖွင့်ခိုင်းပြီး မီးခံ သေတ္တာအတွင်းက ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် (၂)

ပိသာခွဲခန့် ကို ယူဆောင်သွားခဲ့တာလို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက နေ့၊ ညမပြတ် သတင်းရယူစုံစမ်းထောက်လှမ်းခြင်း၊ ခေတ်မီနည်းပညာအကူအညီများ ရယူအသုံးပြုခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်စွာနေထိုင်လိုသော ပြည်သူများ၏ပူးပေါင်းပါဝင်မှုကြောင့် ပြစ်မှုကျုးလွန်းသူများကိုဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး

ပြစ်မှုကျူးလွန်သူတွေထဲမှာ ရွှေပန်းတိမ်ဆိုင်က ဝန်ထမ်းတွေလည်း ပါတယ်လို့ သိရပါတယ်။

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *