မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊၈၆ လမ်းနဲ့ ၂၂လမ်းဒေါင့်မှာရှိတဲ့ မြို့နယ်သမ ဝါယမဦးစီးဌာနရုံးကို မေလ၁၀ရက်နေ့မနက်၁၁နာရီခွဲလောက်က လက်ပစ်ဗုံးနဲ့ ပစ်ခံခဲ့ ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
ဖြစ်စဉ်မှာ မေလ၁၀ရက်နေ့မနက်၁၁နာရီခွဲလောက်က အောင်မြေသာစံမြို့နယ်၊၈၆ လမ်းနဲ့ ၂၂လမ်းဒေါင့်မှာရှိတဲ့ မြို့နယ်သမ ဝါယမဦးစီးဌာနရုံးကို အမည်မသိအမျိုးသား နှစ်ယောက် ဆိုင်ကယ်နဲ့ရောက်ရှိလာပြီးမြို့နယ်ရုံးကို တရုတ်ကြိုးဆွဲလက်ပစ်ဗုံးနဲ့ ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့တာလို့ သိရ ပါတယ်။
အဲဒီလက်ပစ်ဗုံးဟာ မြို့နယ်သမဝါယမ ဦးစီးဌာနရုံးရှေ့မှာ ရပ်ထားတဲ့ မြို့နယ်ဦးစီးမှူးရဲ့ ခွေဘီလူးကားကို ထိမှန်ပေါက်ကွဲခဲ့ပြီး ကားရှေ့မှန် ထိကွဲခြင်း၊ ကားတာ ယာ ဗုံးစထိမှန်ခြင်းတို့ ဖြစ်ပွားခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရရှိခြင်းနဲ့သေဆုံးခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။


photo– MDY Image
Visited 20 times, 1 visit(s) today



