အောင်မင်္ဂလာအဝေးပြေးကွင်း(ပ) ဝင်းမှာ မီးလောင်မှုဖြစ်ပြီး

လူ၃ဦးသေဆုံး

၅ ဖေဖော်ဝါရီ၊၂၀၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ “အောင်မင်္ဂလာအဝေးပြေးကွင်း(ပ) ဝင်း၊ တနင်္သာရီလမ်းထဲမှာဖေဖော်ဝါရီ လ၅ရက်မနက်၅နာရီခန့်က ကားဂိတ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဂိတ်၇ခုခန့်မီးလောင်ပျက်စီးသွားပြီး လူ၃ဦးသေဆုံးခဲ့တယ်လို့ အနီးအနားဝန်းကျင်ရှိနေသူတွေဆီက သိရပါတယ်။

“မီးတအားများတယ်။အတိအကျမသိရသေးဘူး၊အိပ်နေတဲ့အချိန်ဖြစ်လို့သတိမထားမိတာရောကြောင့်လောင်တာများတယ်။ပိတ်ထားတဲ့ဆိုင်ခန်းက စလောင်နေတာလို့တော့သိရတယ် ” လို့ သွားရောက်ကူညီခဲ့တဲ့ပရဟိတအဖွဲ့အသင်းသားတစ်ဦးက ပြောပါတယ်။

မိနစ်၄၀နီးပါးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုများနိုင်တယ်လို့ဆိုပြီး ဘယ်ကစလောင်တယ်ဆိုတာကို အတိအကျမသိရသေးဘူးလို့ ကားဂိတ်မှာအလုပ်လုပ်နေသူအချို့က ပြောပါတယ်။

“လူနာတင်ကားတွေလဲလာတာတွေ့တယ် ။ဂိတ်ဆိုတော့ ပစ္စည်းတွေအတော်များများကုန်မှာ မီးလုံးတွေအကြီးကြီးပဲမြင်ရတယ် ကူညီတဲ့ကားတွေလဲဆက်တိုက်လာနေတာတွေ့တယ်”လို့အနီးအနားမှာ နေသူတဦးက ပြောပါတယ်။

မီးလောင်ရာနေရာကို မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ်၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမီးငြှိမ်းသတ်ယာဉ်၊ဝေဘာဂီနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးတွေအပြင် လူမူကူညီရေးအသင်းက သွားရောက်ကူညီငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိကားဝင်းအတွင်းခရီးသည်ကားတွေပေးမဝင်သေးပဲ၊ ဂိတ်ဝင်းထဲမှာကားတွေပိတ်မိနေကြတယ်လို့ အနီးနားဝန်းကျင်နေထိုင်သူတွေက ပြောပါတယ်။

Visited 13 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *