အောင်မင်္ဂလာဝင်းအတွင်းအထိ Grab Taxiခြေဆန့်

ရန်ကုန်တိုင်းဒေသကြီး၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းတွင် ၂၀၂၃စက်တင်ဘာလ ၄ ရက်ကစတင်၍ Grab Taxi များ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်းသိရသည်။

Taxi ယာဉ်မောင်းများနှင့် Taxi အသုံးပြုသူခရီးသည်များ ဘေးကင်းလုံခြုံမှုရှိစေရန် ဈေးနှုန်းမှန်ကန်ပြီး သင့်တင့်မျှတသည့် ဈေးနှုန်း တစ်ခုပေါ်အခြေခံ၍ ပြေးဆွဲပေးခြင်းဖြစ်ကြောင်းသိရသည်။

ခရီးသည်များအနေဖြင့်အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှ ရန်ကုန်မြို့တွင်းသို့သွားမည့် အိမ်ပြန်ခရီးစဥ်အတွက် Grab အက်ပလီကေးရှင်းမှ ခရီးစဉ် ဘွတ်ကင်တင်ခြင်းဖြင့် အလှည့်ကျပြေးဆွဲပေးနေကြောင်းသိရသည်။

Grab အက်ပလီကေးရှင်းမရှိသေးသူ များအ​နေဖြင့် အဝေးပြေးကားဝင်းအတွင်း Grab အငှားယာဥ်ခရီးစဥ်များအတွက် Web-bookingsဖြင့်ဝန်ဆောင်မှုပေးသည့် ကောင်တာ များထားပေး‌ကြောင်း၊အဆိုပါကောင်တာ​များမှတစ်ဆင့် သွားလိုသည့်နေရာကို Grab ဝန်ထမ်းများက ဘွတ်ကင်ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *