အောင်ပန်း-ပင်းတယ အကွေ့တစ်နေရာ မှာ ဆိုင်ကယ်နဲ့ကားတိုက်

၁၁ ဖေဖော်ဝါရီ၊၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်၊ အောင်ပန်း-ပင်းတယသွားလမ်း၊ အကွေ့တနေရာမှာ ဒီနေ့ညနေပိုင်းအချိန်က ​ကန်တာကားနဲ့ဆိုင်ကယ်တိုက်မိပြီးဆိုင်ကယ်မောင်းသူ အမျိုးသားတဦးအခင်းဖြစ်ပွားနေမှာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“လမ်းကကောင်းတော့ ဆိုင်ကယ်တွေကအကြမ်းမောင်းကြတာ၊ ဒီအကွေ့နေရာနား ခဏခဏမှောက်တယ်၊ ဒါတောင် ဆိုင်ကယ်ကR15 ရှိသေးတယ် 1000RR သာဆို ဆိုငိကယ်အစအနပဲကောက်ရမယ်၊ ခုတောင်ဆိုင်ကယ်က ဆိုးဆိုးဝါးဝါးပျက်သွားတာ”လို့အောင်ပန်းမြို့ခံတဦးက ​ပြောပါတယ်။

သေဆုံးသူအမျိုးသားရဲ့ ရုပ်အလောင်းကိုနာရေးကူညီမူအသင်း(အောင်ပန်း)က အောင်ပန်းဆေးရုံရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *