ရှမ်းပြည်နယ်၊ကလောမြို့နယ်၊အောင်ပန်းမြို့၊အောင် ပန်း- ကလောလမ်းခွဲမှာ ဒီဇင်ဘာလ၂၆ရက်ည၇နာရီခွဲက အိမ်စီးမော်တော်ယာဥ်တစ်စီးနဲ့ကုန်တင်ယာဥ်တစ်စီးတို့ မျက်နှာချင်း ဆိုင်တိုက်မိမှုဖြစ်ပွားခဲ့ပြီး အိမ်စီးယာဥ်မောင်းသူအမျိုးသားတစ်ဦးသေဆုံးသွားခဲ့တယ်လို့ ဒေ သခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


ယာဥ်တိုက်မှုဖြစ်ပွားရာကို နာရေးကူညီမှုအသင်း (အောင်ပန်း)က သွားရောက်ကူညီကယ်ဆယ်ရေးလုပ် ငန်းများဆောင်ရွက်ပေးရာ ယာဥ်တိုက်မှုကြောင့် ထိ ခိုက်ဒဏ်ရာရရှိခဲ့ပြီး သတိလစ်မေ့မြောနေတဲ့ အိမ်စီးယာဥ်မောင်းလူနာအမျိုး သားကို ကလောဆေးရုံကိုပို့ဆောင်ပေးခဲ့ပေမယ့် လူနာမှာ ဆေးဝါးကုသမှုခံယူရင်းသေဆုံးသွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။



Visited 86 times, 1 visit(s) today



