၂၁ ဖေဖော်ဝါရီ၊၂၀၂၄


ရှမ်းပြည်နယ်၊အောင်ပန်းမြို့၊အမှတ်( ၁)ရပ်ကွက်မှာ ဖေဖော်ဝါရီ၂၀ရက်နေ့ ညသန်းခေါင်ယံအချိန် က မီးလောင်မှု ဖြစ်ပွါးခဲ့တာမှာ မီးလောင်မူကြောင့်လက်ဖက်ရည်ဆိုင်နဲ့ ကပ်လျှက် နေအိမ်(၂)လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ အောင်ပန်းမြို့ခံတွေဆီက သိရပါတယ်။



“လူထိခိုက်မူမရှိဘူး။လူအိပ်ချိန်ဆိုတော့ဘေးအိမ်တွေ ပစ္စည်းမသယ်နိုင်လိုက်ဘူးလို့သိရတယ် ။မနက်ထိ မီးခိုးတွေရှိနေတုန်းပဲ။ မီးငြိမ်းသမားများလို့ဒီ့ထက်ပိုမလောင်သွားတာ “လို့ မြို့ခံတဦးကပြောပါတယ်။
မီးလောင်ချိန် တစ်နာရီနီးပါးကြာမြင့်ခဲ့ပြီး၊ဘာကြောင့်လောင်တယ်ဆိုတာကို မသိရသေးဘူးလို့ ရပ်ကွက်နေသူအချို့က ပြောပါတယ်။
မီးလာင်ရာနေရာကို အောင်ပန်း၊ကလော၊ဟဲဟိုး၊ မီးသတ်ဦးစီးဌာနက ယာဥ်(၆)စီးနဲ့ မီးသတ်တပ်
ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ ၊ပရဟိတအသင်းအဖွဲ့တွေနဲ့ပြည်သူတွေရဲ့ရေကားတွေနဲ့ ဝိုင်းဝန်းငြိမ်း
သတ်ခဲ့ရတယ်လို့ သိရပါတယ်။
Visited 67 times, 1 visit(s) today



