အောင်ပန်းမှာ ပိုင်ရှင်မဲ့အလောင်းဆက်တိုက်တွေ့

၂၄ ဧပြီ၊၂၀၂၄

ရှမ်းပြည်နယ် အောင်ပန်းမြို့မှာ နှစ်ရက်ဆက်တိုက် ပိုင်ရှင်မဲ့အလောင်းနှစ်လောင်း တွေ့ရှိခဲ့ပါတယ်။

အလောင်းတွေကို မြို့ခံပရဟိတအသင်းက သဂြိုလ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဧပြီလ၂၄ရက်နေ့ နေ့လယ်ပိုင်းကအောင်ပန်းမြို့ ကမ်းပါးနီးရွာနဲ့ညောင်ကုန်းရွာချောင်းအစပ်မှာပိုင်ရှင်မဲ့ (အမျိုးသား )တစ်ဦးရုပ်အလောင်းနဲ့ဧပြီလ၂၃ရက်နေ့က ညနေ ၄နာရီအချိန်ခန့်အောင်ပန်းမြို့အနီး ကုန်းနီရွာအရှေ့တောင်လျှိုမြောင်ကျောက်

ဆောင်ဘက်မှာ အမည်မသိ၊ပိုင်ရှင်မဲ့ (အမျိုးသမီး)တစ်ဦးရဲ့ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

“ဟိုတလောက အောင်ပန်းမှာ အမျိုးသမီးတစ်ဥဦးပျောက်နေတယ်ဆိုပြီး အသံတွေထွက်နေတာ။ခုတွေ့တဲ့အလောင်းက ဘယ်သူမှန်းမသိအောင်ရုပ်ပျက်သွားတာလားမသိ။ဒီလိုနေရာ မှာလာပြီးသေဆုံးနေတာဆိုတော့ ရိုးသားမှုမရှိတာတော့အမှန်ပဲ။နာကူကအသင်းကသယ်လာပီး ချက်ချင်းသဂြိုလ်တယ်ဆိုကတည်းက ထားလို့မရတဲ့အနေအထားမို့ထင်တယ်”လို့ အောင်ပန်းမြို့ခံတဦးက ပြောပါတယ်။

သေဆုံးသူတွေရဲ့နာမည်၊နေရပ်လိပ်စာ မိသားစုဝင်တွေကို မသိရှိခဲ့တာကြောင့် သေဆုံးသူတွေရဲ့

ရုပ်အလောင်းတွေကို တာဝန်ရှိသူများရဲ့ခွင့်ပြုချက်နဲ့ မင်းဂူသုင်္သာန်သို့ပို့ဆောင်မီးသင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *