အောင်ပန်းမြို့က ရေတွင်းတစ်တွင်းမှာ ရေလာခတ်တဲ့ ကလေးတစ်ဦး ရေတွင်း ထဲပြုတ်ကျပြီး ရေနစ်သေဆုံး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကလောမြို့ နယ်၊အောင်ပန်းမြို့၊မင်္ဂလာရပ်ကွက်၊ နယ်မြေ(၃)သံလမ်းအနီးက ရေတွင်းတစ် တွင်းမှာ သြဂုတ်လ၉ရက်မနက်၁၀နာရီ ခွဲခန့်က ရေလာခတ်တဲ့ ကလေးတစ်ဦး ရေတွင်းထဲပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo–MFSD

ဖြစ်စဉ်မှာ ကလောမြို့နယ်၊ အောင်ပန်းမြို့၊မင်္ဂလာရပ်ကွက်၊ နယ်မြေ(၃) သံလမ်း အနီးက ရေတွင်းမှာ ကလေး ကျား (၁)ဦး ရေခပ်ရာမှ ရေတွင်းအတွင်း ပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့တယ်လို့ သတင်းရရှိ တာကြောင့် အာင်ပန်းနယ်မြေမီးသတ်စ ခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အ ရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ရာ နံနက်၁၁ ၂၀ အချိန်မှာ ရေနစ်သေ ဆုံးသူကလေး ကျား(၁)ဦးရဲ့ ရုပ်အလောင်း ကို ဆယ်ယူရရှိပြီး အောင်ပန်းမြို့နာရေး ကူညီမှုအသင်းက လူနာတင်ယာဉ်နဲ့ အောင်ပန်းပြည်သူ့ဆေးရုံကို ပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 60 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *