ကိုင်ရို/ဂါဇာ/ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၄
ဂါဇာကမ်းမြောင်ကို စတိုက်ခိုက်ခဲ့အပြီး တစ်လကျော်အချိန်ကြာလာချိန်မှာ ပါလက်စတိုင်းတွေ အနေနဲ့ အဆိုးရွားဆုံး ဆုံးရှုံး မှုတွေကို ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ က ပြောဆိုလိုက်ပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှု တွေထဲ အရပ်သားသေဆုံးမှုတွေ တိုးလာနေသလို ပါလက်စတိုင်းပိုင်နက်ထဲမှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကပ်ဘေးဆိုးတွေကလည်း ပိုမိုဆိုးရွားလာနေတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ချက်ချင်းတောင်းဆိုပြီး တစ်ရက်အကြာမှာပဲ ဂါဇာမြောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ တိုက်ပွဲတွေ ပိုပြင်းထန် နေပါတယ်။ အရပ်သားပစ်မှတ်တွေကိုအစ္စရေးရဲ့ ဗုံးကြဲ တိုက်ခိုက်မှုက နိုင်ငံတကာရဲ့ ထောက်ခံမှုကို ဆုံးရှုံးစေတယ်လို့လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုနေပါ တယ်။
အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံတကာဖိအားပေးမှုတွေရှိနေပေမယ့်စစ်ရေးအရ ဆက်ပြီး တိုက်ပွဲဝင်သွား မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ထုတ်ဖော် ပြောဆိုပါတယ်။
“ဟားမတ်စ်တွေ ပျက်သုန်းတဲ့အထိ အောင်ပွဲရတဲ့အထိ ကျနော်တို့ ဆက်လက်လုပ်ဆောင်နေပါတယ်” လို့ နေတန်ရာဟု က ဂါဇာက စစ်သားတွေကို ရေဒီယိုကတစ်ဆင့် ပြောဆို လိုက်ပါတယ်။ ကြီးစွာသော နာကျင်မှုကို ရင်ဆိုင်နေရသလို နိုင်ငံ တကာ ဖိအားတွေ ရင်ဆိုင်နေရတဲ့ အခုလို အချိန်မှာပဲ ဒီစကားကို ပြောလိုက်ပါတယ်။ ကျနော်တို့ကို ဘယ်အရာကမှ တား ဆီးနိုင်မှာ မဟုတ်ပါဘူး လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ အစ္စရေး စစ်သား ၁၀ ဦး ကျဆုံးခဲ့တယ်လို့ အစ္စရေးက အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာမှာ ရှေ့တန်း အခြေစိုက်စခန်းကို ကွပ်ကဲနေတဲ့ ဗိုလ်မှူးကြီး တစ်ယောက်နဲ့ တပ်ရင်းတစ်ခုကို ကွပ်ကဲနေတဲ့ ဒုဗိုလ်မှူး ကြီး တစ်ယောက် အပါအဝင်ဖြစ်တယ်လို့ ပါရှိပါတယ်။ အောက်တိုဘာ ၃၁ ရက်က စစ်သား ၁၅ယောက် ကျဆုံးပြီးနောက်ပိုင်း အခု တစ်ကြိမ် ဟာ အဆိုးရွားဆုံး တစ်ရက်တာ ဆုံးရှုံးမှုလို့ သိရပါတယ်။
Ref: Reuters/fs
ပုံစာ။ ဒီဇင်ဘာ ၁၁ရက်က မြင်တွေ့ရတဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှု တစ်ခု
Feature Image Credit: Reuters



