အုတ်တွင်းမြို့အနီးမှာ ကြိတ်သားကတ်ထူပြားများတင် ဆောင်လာတဲ့ တွဲကားတစ်စီးတိမ်းမှောက်ဖြစ်

ပဲခူးတိုင်းဒေသကြီး၊အုတ်တွင်းမြို့၊မှော်ယောတံတား “စိန်သဇင်” ဆီဆိုင်အနီး ကားလမ်းမှာ ဇန်နဝါရီလ၃၁ ရက်မနက် ၉နာရီ၄၅မိနစ်ခန့်က ဘီးလင်းမြို့ကနေ ကျောက်ဆည်မြို့ကိုကြိတ်သား ကတ်ထူပြားများတင် ဆောင်လာတဲ့ တွဲကားတစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး တွဲကားယာဥ်မောင်းနဲ့ယာဥ်အကူတို့ ထိ ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရင်ခုန်သံလူမှုကူညီရေးအ သင်းက သိရပါတယ်။

တွဲကားတိမ်းမှောက်ဖြစ်ပွားရာကို ရင်ခုန်သံလူမှုကူညီရေးအသင်း(အုတ်တွင်း)က ကူညီကယ်ဆယ်ရေးလုပ် ငန်းများ ဆောင်ရွက်ပေးခဲ့ပြီယ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို အုတ်တွင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 31 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *