အုတ်တွင်းမြို့မှာ ဇနီးမောင်နှံနှစ်ဦး တစ်ရက်ခြားပြီး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်

ပဲခူးတိုင်းဒေသကြီး၊အုတ်တွင်းမြို့၊စျေးရပ်ကွက်က နေအိမ်တစ်အိမ်မှာ ဇန်နဝါရီလ၁၈ရက်ည၇နာရီခန့်က ဇနီးဖြစ်သူကွယ်လွန်ပြီး မသင်္ဂြိုဟ်မီတစ်ရက်အလို ခင် ပွန်းဖြစ်သူမှာ ထမင်းစားရင်း ရုတ်တရက်သတိလစ်ရာကနေ ကွယ်လွန်ခဲ့တဲ့ထူးခြားဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း(အုတ်တွင်း) က သိရပါတယ်။

သေဆုံးသွားသူ အဖိုးအဖွားဇနီးမောင်နှံတို့မှာ အဖွားဒေါ်နုနုယဥ် (၈၇)နှစ်နှင့်အဖိုးဦးမြသိန်း(၈၉)နှစ်တို့ဖြစ်ကြပြီး အဖွားမှာ ဇန်နဝါရီ၁၇ရက်နေ့ညက ကွယ်လွန်ခဲ့ကာ အဖိုးမှာ အဖွားရုပ်အလောင်း မသင်္ဂြိုဟ်မီတစ်ရက်အလို ဇန်နဝါရီလ၁၈ရက်ညမှာ ထမင်းစားရင်း ရုပ်တ ရက် သတိလစ်ကာ အသက်ပါသွားပြီး ကွယ်လွန်သွားခဲ့တာလို့သိရပါတယ်။

“ရှိစဉ် ရှင်စဉ်ကလဲ တတွဲတွဲ ကွယ်လွန်တော့လဲ မခွဲပဲ အတူသွားကြတဲ့ တမလွန်ခရီး ကျန်ရစ်တဲ့ သားသမီးတွေကိုယ် စား ထပ်တူခံစားမိပေမယ့် သူတို့ရဲ့ အတိတ်ကံ အကြောင်း တရား ဆုများတောင်းခဲ့ကြလေသလား ပုဗ္ဗေစ ကတ ပုညတာ — ရှေးကအတူပြုခဲ့ဘူးတဲ့ ကု သိုလ်ကံတွေ အတူကုန်ဆုံးတဲ့ သဘောလေလား။မြင့်မြတ်တဲ့ ကောင်း မြတ်တဲ့ မွန်မြတ်တဲ့ ဘုံဘဝတွေ အတူစံမြန်းနိင်ပါစေ”လို့ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း (အုတ်တွင်း)ရဲ့နာယကဆရာတော်အရှင်တေဇ က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။

အဖိုးဦးမြသိန်း(၈၉)နှစ်နှင့်အဖွားဒေါ်နုနုယဥ်(၈၇)နှစ်တို့ဇနီး မောင်နှံရဲ့ရုပ်အလောင်းများကို ဇန်နဝါရီ ၁၉ ရက်မှာ အတူ သင်္ဂြိုဟ်သွားမယ်လို့လည်း သိရပါတယ်။

Visited 14 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *