အုတ်တွင်းမြို့နယ်မှာ ၁၂ဘီးကားက တွဲကားနောက်ပိုင်းကိုအရှိန်ပြင်းစွာ တိုက်မိမှုဖြစ်ပွားခဲ့

ပဲခူးတိုင်းဒေသကြီး၊အုတ်တွင်းမြို့နယ်၊အင်ဒိုင်းကျေး ရွာရှေ့က ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ အောက် တိုဘာဘ၂၀ရက်ည၁၁နာရီခွဲလောက်က အအေးကဒ်နဲ့ရေသန့်ဘူးကဒ်တွေတင်လာတဲ့ (၁၂)ဘီးကားက ကြက်စာများတင်လာတဲ့ တွဲကားနောက်ပိုင်းကို အရှိန်ပြင်းစွာ တိုက်မိခဲ့ပြီး ၁၂ဘီးကားမောင်းသူ ယာဥ်မောင်းအမျိုး သား ကားရှေ့ခေါင်းခန်းထဲမှာ ညှပ်မိပြီးသေဆုံးခဲ့ရတဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်း မြစ်တွေဆီက သိရပါတယ်။

ကားနှစ်စီးတိုက်မိမှုဖြစ်ပွားရာမှာ လူမှုကူညီရေးဆောင် ရွက်ပေးခဲ့တဲ့ ရင်ခုန်သံရှင်/ကူအသင်းက အသင်းသားတစ်ဦးက”အခင်းဖြစ်ချိန် ည(၁၁:၃၀)မှာ ရင်ခုန်သံအဖွဲ့ က ရောက်ရောက်ချင်း ဒရိုင်ဘာ အသက်ရှိသေးတာမို့လို့ အရေးပေါ် Oxygen တပ်ဆင်ပေးထားပြီး ကြိုးစားကယ်တင်ပေးခဲ့ပေမယ် ည(၁၂:၃၀)ခန့်မှာ ဒရိုင်ဘာ ဆုံး ပါးသွားခဲ့တယ်။တိုက်ချက်က ပြင်းလွန်းတော့ ကား ချင်းကို ခွါမရအောင်ဖြစ်နေတော့ စိတ်မကောင်းစွာနဲ့ပဲ ကျနော်တို့ မနက်(၄)နာရီ မှာ ဌါနေပြန်ဆုတ်ခွါခဲ့ရတယ်။ကရိန်း (သို့)ဘက်ဟိုး မှ မရရင် ဘယ်လိုမှ ထုတ် ယူလို့ မရနိင်တဲ့ အခြေအနေမို့ မျက်စိရှေ့တင် အား တင်းထားဖို့ အားပေးစကားတွေပြောပေး ကူညီပေးနေရင်း ဆုံးပါးသွားတာ စိတ်ထဲမကောင်းဖြစ်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Visited 14 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *