အုတ်တွင်းမြို့နယ်မှာ ကုန်တင်ကားအောက်အိပ်နေသူအမျိုးသားတစ်ဦး ကားနဲ့ကြိတ်မိပြီးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊အုတ်တွင်းမြို့နယ်၊ဟင်းငုတ်ပင် ကျေးရွာအနီးက OK စက်သုံးဆီဆိုင် ကားများရပ်နားရာ နေရာမှာဇန်နဝါရီလ၁၃ရက် မနက်၅နာရီ၂၀မိနစ်က ကုန်တင်ကားအောက်အိပ်နေသူအမျိုးသားတစ်ဦး ကားနဲ့ကြိတ်မိပြီးသေ ဆုံးခဲ့ရတဲ့ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ၁၃ရက် မနက်၅နာရီ၂၀မိနစ်က အုတ်တွင်းမြို့နယ်၊ဟင်းငုတ်ပင် ကျေးရွာအနီးက OK စက်သုံးဆီဆိုင် ကားများရပ်နားရာနေရာမှာ ညအိပ်ရပ် နားတဲ့ တွဲကားကအထွက် နောက်ကိုအဆုတ်မှာ ညအိပ်ရပ်နားတဲ့ 14 ပေ ကုန်တင်ကားကို တိုက်မိရာ ကုန်တင်ကားအောက်အိပ်နေတဲ့အမျိုးသားတစ်ဦးရဲ့ ဦးခေါင်းကို ကြိတ်မိပြီး ဦးခေါင်းပြားကာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

အခင်းဖြစ်နေရာကို ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း (အုတ်တွင်း)က ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရာ သေဆုံးသူအမျိုးသားရဲ့ရုပ်အ လောင်းကို အုတ်တွင်းဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

Visited 80 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *