အုတ်တွင်းမြို့ထွက်မှာ ကားပျက်ပြီး ရပ်ထားတဲ့၁၂ဘီးကား နောက်ပိုင်းကို အိမ်စီးCrownကားက ဝင်တိုက်မိမှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊အုတ်တွင်းမြို့ မြောက်ဘက်အ ထွက် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ဒီဇင်ဘာ လ၂၃ရက်ည၇နာရီ၃၀မိနစ်က ကားပျက်ပြီး ရပ်ထားတဲ့ ၁၂ဘီးကုန်တင်ကားရဲ့နောက်ပိုင်းကို အိမ်စီးCrown ကားက ဝင်တိုက်မိမှုဖြစ်ပွားခဲ့ပြီး အိမ်စီးကားမောင်းသူ အမျိုးသားသေဆုံးခဲ့ရတဲ့ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ယာဥ်တိုက်မှုမှာ သေဆုံးသွားတဲ့အမျိုးသားက တောင် ငူမြို့နယ်အမျိုးသားတိုးတက်ရေးပါတီဥက္ကဌတဲ့။ဘာကြောင့် ယာဥ်တိုက်မှုဖြစ်သွားတာလဲဆိုတာတော့ မသိရသေးဘူး”လို့ဒေသခံတစ်ဦးက ပြောပါတယ်။

ယာဥ်တိုက်မှုဖြစ်ပွားရာကို ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း (အုတ်တွင်း)က ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ အိမ်စီးကားယာဥ်မောင်းကို တောင်ငူဆေးရုံကိုပို့ဆောင်ပေးခဲ့ပေမယ့် တောင်ငူဆေးရုံအရောက်မှာ အိမ်စီးကားယာဥ်မောင်းဟာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *