အီးယူအနေနဲ့ တရုတ်နဲ့ကြားက ကွဲပြားနေမှုတွေကို ညှိနှိုင်း စေစပ်သွားဖို့ ပြင်ဆင်နေ

ဘေကျင်း၊ ဒီဇင်ဘာ ၇

လေးနှစ်ကျော်ကာလထဲမှာ ပထမဆုံး  ဥရောပသမဂ္ဂနဲ့ တရုတ်တို့  လူချင်းစုံပြီး ကျင်းပခဲ့တဲ့  EU-China ထိပ်သီးအစည်း အဝေးကို ဒီနေ့ ဒီဇင်ဘာ ၇ရက်ကစပြီး ဘေကျင်းမှာ ကျင်းပနေပါတယ်။ ဒီပွဲမှာ  ဥရောပသမဂ္ဂဥက္ကဌ အူစလာ ဗန်ဒါလင်းက မိမိတို့နဲ့   အကြီးဆုံးကုန်သွယ်ဘက် တရုတ်တို့ကြားက မတူညီမှုတွေကို ညှိနှိုင်းစေစပ်သွားမယ်လို့  တရုတ်ခေါင်းဆောင် ရှီကျင်းပင်ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တရုတ်နဲ့ အီးယူတို့ဟာ  ကပ်ရောဂါဖြစ်ပွားပြီးနောက် ပျက်ဆီးနေတဲ့ ဆက်ဆံရေးပြန်လည်ကောင်းမွန်လာစေဖို့ အခု နှစ်ထဲ မှာ သံတမန်ဆက်ဆံရေးကို အရှိန်မြှင့်သလို ကော်မရှင်နာအများအပြားလည်း  ဘေကျင်းကို လာရောက်လည်ပတ်ကာ အဆင့်မြင့်ဆွေးနွေးပွဲတွေ ပြန်စတင်ခဲ့ကြပါတယ်။

ဥရောပကောင်စီဥက္ကဌ ချားလ်စ် မိုက်ကယ်   နဲ့  နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိးဆက် ဘောဝဲလ် တို့က အဖွင့်အမှာ စကားပြောဆိုရာမှာလည်း ရှီက ဒီနှစ် တရုတ်နိုင်ငံက ဒုတိယအကြိမ်မြောက် ခရီးစဉ်အဖြစ် နွေးနွေးထွေးထွေး ကြိုဆိုခဲ့လို့ ကျေးဇူးတင်တဲ့အကြောင်း ပြောဆိုခဲ့ကြပါတယ်။

“ဒါပေမယ့် ရှင်းရှင်းလင်းလင်း မညီမျှမှုတွေနဲ့ ကွဲလွဲမှုတွေက ရှိနေပါသေးတယ်၊ ကျွန်မတို့ ဖြေရှင်းရမှာပေါ့” လို ပြောပါ တယ်။  ဗန်ဒါလင်းကပဲ ဥာဏ်ရည်တုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ EU-China ပူးပေါင်းဆောင်ရွက်မှုကို ရည်ညွှန်းပြီး “ကျွန်မတို့ရဲ့ အကျိုးစီးပွားတွေဟာ  တစ်ခါတစ်ရံမှာ  တိုက်ဆိုင်နေတတ်ပါတယ်” လို့လည်း ပြောဆိုခဲ့ပါတယ်။

ဥရောပကောင်စီဥက္ကဌ ချားလ်စ် မိုက်ကယ်ကတော့ တရုတ်နိုင်ငံနဲ့  “တည်ငြိမ်ပြီး အပြန်အလှန်အကျိုးရှိတဲ့” ဆက်ဆံရေးကို ကြိုးပမ်းနေတဲ့ အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Ref: AFP/rc

ပုံစာ။ ၂၀၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ EU – China ထိပ်သီးအစည်းဝေးပွဲ မြင်ကွင်းတစ်ခု

Feature Image Credit: Reuters/Jason Lee

Visited 34 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *