ရှန်ဟိုင်း၊ ဇွန် ၂၃
ဥရောပဈေးကွက်ကို တင်သွင်းမယ့် တရုတ်လုပ် လျှပ်စစ်ကား (EVs) တွေအပေါ် အခွန်စည်းကြပ်ဖို့ စီစဉ်ထားတဲ့ ဥရောပသမဂ္ဂနဲ့ တရုတ်တို့ ဆွေးနွေးမှုတွေ လုပ်ဖို နှစ်ဘက် သဘောတူညီချက်တွေ ရခဲ့တယ်လို့နှစ်ဘက်စလုံးရဲ့ အကြီးတန်းအရာရှိတွေက တနင်္ဂနွေနေ့ (ဇွန် ၂၃ ) မှာ တရားဝင် ပြောဆိုခဲ့ကြပါတယ်။
ဂျာမနီစီးပွားရေးဝန်ကြီး ရောဘတ် ဟာဘက် ကတစ်ဆင့် အီးယူကော်မရှင်နာ တာဝန်ရှိသူက တရုတ်နိုင်ငံနဲ့ စည်းကြပ်ခွန်ကောက်ခံမှုဆိုင်ရာ စေ့စပ်ညှိနှိုင်းတွေ လုပ်ဖို့ ညွှန်ကြားထားတယ်လို့သိရပါတယ်။
တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း သူတို့ဘက်က အကြီးအကဲ ဝမ် တန်တောင် နဲ့ ဥရောပ ကော်မရှင် အမှုဆောင် ဒုတိယ ဥက္ကဌ ဒွန်ဗရိုဗစ် တို့ တရုတ် EV တွေနဲ့ ပတ်သက်ပြီး ညှိနှိုင်း ဆွေးနွေးမှုတွေ စဖို့ သဘောတူ ခဲ့ကြပြီးပြီလို့ ပြောပါတယ်။
ဒါဟာ ပထမခြေလှမ်းဖြစ်ပြီး နောက်ထပ် အများကြီး လိုအပ်လိမ့်မယ်လို့လည်း ဝမ် တန်တောင်က ပြောပါတယ်။ “ကျွန်တော်တို့ဟာ အဆုံးသတ်နဲ့ ဝေးနေပေမယ်လည်းအနည်းဆုံးတော့ ဒါဟာ အရင်က မဖြစ်နိုင်ခဲ့တဲ့ ကိစ္စတစ်ခု အတွက် ပထမခြေလှမ်းတစ်ခု” လို့ ပြောပါတယ်။
ဘရပ်ဆဲလ် မြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ ဥရောပသမဂ္ဂညီလာခံ အပြီး တရုတ်နိုင်ငံလုပ် လျှပ်စစ်ကားတွေ တင်သွင်းမှုအပေါ် ကြီးလေးတဲ့ အခွန်အခတွေ ကောက်ဖို့ အဆိုပြုချက်ထွက်လာအပြီး အခုလို ဆွေနွေးပွဲတွေ ထွက်ပေါ်လာတာလို့ သိရပါတယ်။
Ref: Reuteres
ပုံစာ။ ဩဂုတ် ၁၇ရက် ၂၀၂၃က ဂျာမနီနိုင်ငံ၊ ဘာလင်မြိုက အရောင်းပြခန်းတစ်ခုမှာတွေရတဲ့ တရုတ်လျှပ်စစ်ကားတစ်စီး
Feature Image Creddit: REUTERS/Annegret Hilse



