
နယူးယော့ခ်၊ ဧပြီ ၆
၂၀၂၃ ဧပြီမှာ ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ထိပ်တန်းသူဌေးကြီးတွေရဲ့ အဆင့် ထုတ်ပြန်ချက်တွေအရ နံပါတ်(၁) နေရာကို သိမ်းပိုက်ထားတဲ့ ဘီလျံနာ အီလွန် မတ်စ် တစ်ယောက် အဆင့်ကျပြီး ပြင်သစ်ဘီလျံနာ ဘားနတ် အာနိုးလ်က ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာပါတယ်။
ဘားနတ် အာနိုးလ် ဟာ ပြင်သစ်ဇိမ်ခံအမှတ်တံဆိပ် Louis Vuitton, Dior နဲ့ Fendi တို့အပါအဝင် ဇိမ်ခံပစ္စည်း ထုတ်လုပ် တဲ့ကုမ္ပဏီ ၅၀ ကျော် ပါဝင်တဲ့LVMH လုပ်ငန်းစုကြီး ရဲ့ တည်ထောင်သူ၊ ဥက္ကဋ္ဌနဲ့ စီအီးအို အနေနဲ့ပါ တာဝန်ယူ လုပ်ကိုင် နေတဲ့ သူ ဖြစ်ပါတယ်။
၂၀၂၃ ဧပြီ ၁ရက်နေ့ ထုတ်ပြန်ချက်အရ ဘီလျံနာတွေ ကို အဆင့်လိုက် ဖေါ်ပြရရင်။
အဆင့်(၁၀)။ ဘန်တန်ကော့ မေယာ (ပြင်သစ်) (၈၉ ဒသမ၄ ဘီလျံ)
လော်ရယ်အလှကုန်။
အဆင့်(၉)။ စတီ့ဖ် ဘောလ်မား (အမေရိကန်) (၉၀ ဒသမ ၈ ဘီလျံ)
မိုက်ခရိုဆော့ကုမ္ပဏီ။
အဆင့်(၈)။ ကားလို့စ် စလင် ဟေလူ (မက္ကဆီကို) (၉၃ ဒသမ ၄ ဘီလျံ )
ဆက်သွယ်ရေးလုပ်ငန်း။
အဆင့်(၇)။ မိုက်ကယ် ဘလွန်းဘတ် ( အမေရိကန်) ( ၉၄ ဒသမ ၅ ဘီလျံ)
ဘလွန်းဘတ် သတင်းကုမ္ပဏီ။
အဆင့်(၆)။ ဝါးရန့် ဘားဖက် (အမေရိကန်) ( ၁၀၆ ဒသမ ၈ ဘီလျံ)
ရင်းနှီးမြုပ်နှံ့မှု လုပ်ငန်းများ။
အဆင့်(၅)။ ဘီလ် ဂိတ် (အမေရိကန်) ( ၁၁၀ ဒသမ၃ ဘီလျံ)
မိုက်ခရိုဆော့ဖ် ကုမ္ပဏီ။
အဆင့်(၄)။ လယ်ရီ အယ်လက်ဆင် ( အမေရိကန်) ( ၁၁၈ ဒသမ၃ဘီလျံ)
ဆော့ဖ်ဝဲကုမ္ပဏီ။
အဆင့်(၃)။ ဂျက်ဖ် ဘေဇော့ ( အမေရိကန်) (၁၂၆ ဒသမ ၄ ဘီလျံ)
အမေဇွန်။
အဆင့်(၂)။ အီလွန် မတ်စ် (အမေရိကန်) (၂၀၂ ဒသမ ၄ဘီလျံ)
တက်စလာ၊ စပေ့စ် အိတ်စ်၊တွစ်တာ။
အဆင့်(၁)။ ဘားနတ် အာနိုးလ် ( ပြင်သစ်) (၂၂၅ ဒသမ ၉ ဘီလျံ)
ဖက်ရှင်၊ အလှကုန် အစရှိ ဇိမ်မ်ခံပစ္စည်းများထုတ်လုပ်ခြင်း။
Ref: The World’s Richest Person 2023