အီလွန် မတ်စ် တစ်ယောက် ကမ္ဘာ့အချမ်းသာဆုံးလူသား တစ်ကျော့ပြန်ဖြစ်လာ

အီလွန် မတ်စ်
Photo Credit: AFP

နယူးယော့ခ်၊ ဖေဖေါ်ဝါရီ ၂၈

ကမ္ဘာတစ်ဝန်းက စီးပွားရေးနဲ့ ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်တွေကို ဖေါ်ပြပေးနေတဲ့ ကမ္ဘာကျော် ဘလွန်းမ်ဘတ်ခ်မီဒီယာက ထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းတွေအရ အီလွန် မတ်စ် ဟာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ရာထူး ကို ပြန်လည်ရယူလိုက်ပြီလို့ သိရပါတယ်။

တက်စ်လာရဲ့ စီအီးအို မတ်စ်ဟာ  ပြင်သစ်ဇိမ်ခံအမှတ်တံဆိပ် Louis Vuitton, Dior နဲ့ Fendi တို့အပါအဝင် ဇိမ်ခံပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီ ၅၀ ကျော် ပါဝင်တဲ့LVMH  လုပ်ငန်းစုကြီး  ရဲ့ တည်ထောင်သူ၊ ဥက္ကဋ္ဌနဲ့ စီအီးအို အနေနဲ့ပါ တာဝန်ယူလုပ်ကိုင်နေတဲ့  ဘားနတ် အာနိုးလ်ကို ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်မှာ နံပါတ်(၁) နေရာကို ဖယ်ပေးလိုက်ရပြီး ပြီးခဲ့တဲ့  ဒီဇင်ဘာလမှာ မတ်စ်ဟာ နံပါတ်(၂) အဆင့်မှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

၂၀၂၃ ဖေဖေါ်ဝါရီ ၂၇ တနင်္လာနေ့ အရောက်မှာတော့ တက်စလာရဲ့ စတော့ရှယ်ယာဈေးတွေက တက်လာတာမို့  အီလွန် မတ်စ် တစ်ယောက် ဘီလျံနာများအညွှန်းကိန်းရဲ့  ထိပ်ဆုံးကို  ပြန်ရောက်သွားပါပြီလို့ ဘလွန်းမ်ဘတ်ခ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဘလွန်း ဘတ်ခ်ရဲ့ အဆိုအရ မတ်စ်ရဲ့ အသားတင်ပိုင်ဆိုင်မှုက တနင်္လာနေ့အထိဒေါ်လာ ၁၈၇ ဒသမ ၁ ဘီလျံခန့်ရှိ လာခဲ့တာမို့ နံပါတ်(၁) နေရာက ၁၈၅ ဒသမ၃ ဘီလျံ ပိုင်ဆိုင်တဲ့ ဘားနတ် အာနို့ထ် ကို ဖြတ်ကျော်နိုင်ခဲ့တာလို့ လည်း သိရပါတယ်။

တက်စ်လာရဲ့ စတော့ရှယ်ယာဈေးတွေက ပြီးခဲ့နှစ်မှာ  သိသိသာသာ ကျဆင်းသွားခဲ့ပေမယ် အခု ၂၀၂၃ အရောက် မှာတော့ ဈေးတွေ ပြန်မြင့်လာခဲ့တယ်လို့ ဆိုပါတယ်။

မတ်စ်ဟာ ဒီနေ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် နေရာကို ရယူထားနိုင်သူ ဖြစ်သလို မတ်စ်ဟာ ၂၀၂၁ နှောင်းပိုင်းမှာ ဒေါ်လာဘီလျံ ၃၄၀ ပိုင်ဆိုင်နေရာက ၂၀၂၂ ဒီဇင်ဘာ အရောက်မှာတော့ ဒေါ်လာ ၁၃၇ ဘီလျံပဲ ကျန်တော့ပြီး ကာလတိုအတွင်းမှာ ဒေါ်လာ ဘီလျံ ၂၀၀ ဆိုတဲ့ ပမာဏကြီး အထိ ဆုံးရှုံးခဲ့လို့  မတ်စ်ဟာ အချမ်းသာဆုံးသူ ဖြစ်သလို စံချိန်တင် အရှုံးသမားကြီး တစ်ယောက်လည်း ဖြစ်တယ်လို့ မှတ်တမ်းတင် ဖော်ပြခံရသူလည်း ဖြစ်ပါ တယ်။

Ref: CNN

 
 LV သူဌေးကြီး ဘားနတ် အာနို့ထ်
Photo Credit :Blue Zinc Media
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *