ကယ်လီဖိုးနီးယား၊ ဇန်နဝါရီ ၃၁
အီလွန် မတ်စ်ဟာ သူ့ရဲ့ အငြင်းပွားဖွယ်ရာ startup Neuralink စီမံကိန်းအရ လူ့ဦးနှောက်ထဲကို ချစ်ပ်ပြားတစ်ခု ဇန်နဝါရီ ၃၀ ရက်က ထည့်သွင်းခဲ့တယ် လို့ ဘီလျံနာသူဌေးက သူ့ရဲ့ X platform ရဲ့ ပို့စ်တစ်ခုမှာ ပြောဆိုလိုက်ပါတယ်။
ခွဲစိတ်ကုသမှုကို ဇန်နဝါရီ ၂၉ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့အပြီး လူနာရဲ့ကျန်းမာရေးလည်း ကောင်းတယ်လို့ သူကပဲ ပြောပါတယ်။
ဒီ စမ်းသပ်မှုဟာ မတ်စ် ရဲ့ သက်ရှိကို အသွင်ပြောင်းနိုင်တဲ့ နည်းပညာအတွက်ကြိုးပမ်းအားထုတ်ရာမှာ အရေးကြီးတဲ့ မှတ်တိုင်တစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။ ဒါပေမယ့် အချက်အလတ်အနည်းငယ်ကိုပဲ ထုတ်ပြန်ပေးထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြောတာမျိုး မရှိသေးပါဘူး။
ကုမ္ပဏီ အနေနဲ့ကလည်း ဒီလို လုပ်ဆောင်ဖို့ တရာဝင်ခွင့်ပြုချက်ရထားတာလည်း ဖြစ်ပါတယ်။
အခု ပရောဂျက်ကို Teleparthy (အကြားအမြင်) လို့ နာမည်ပေးထားတယ်လို့လည်း သိရပါတယ်။
Ref: CNN
Feature Image Credit: India Today



