အီလွန် မတ်စ်က အိန္ဒိယ ခရီးစဉ်ကို ရုတ်တရက် ရွှေ့ဆိုင်း

နယူးဒေလီ ၊ ဧပြီ ၂၀

တက်စလာ အကြီးအကဲ အီလွန် မတ်စ်ဟာ  ၀န်ကြီးချုပ် နရန်ဒရာ မိုဒီ နဲ့ တွေ့ဖို့   တနင်္လာနေ့ ဧပြီ ၂၂ရက် မှာ  အိန္ဒိယကို လာဖို့ စီစဉ်ထားတဲ့ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

အီလွန် မတ်စ် တစ်ယောက် ခရီးစဉ်ကို ဘာကြောင့်ရွှေ့ဆိုင်းခဲ့တယ် ဆိုတာကို ရိုက်တာက ချက်ချင်း မသိရသေးပါဘူး။  ဒါတင်မက ဝန်ကြီးချုပ်နဲ့ အီလွန် မတ်စ် တို့ကိုယ်တိုင်ကလည်း ဘာမှတ်ချက်မှ မပေးသေးဘူးလို့ သိရပါတယ်။

ဧပြီ ၁၀ ရက်နေ့မှာ သူ့ရဲ့ အိန္ဒိယခရီးစဉ်အစီအစဥ် ရှိတယ်လို့ ရိုက်တာကို သတင်းပေးခဲ့တာ ဖြစ်ပါတယ်။ နောက်တော့ သူ့ရဲ့ X စာမျက်နှာကနေ “အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီ နဲ့ တွေ့ဆုံဖို့ မျှော်နေပါတယ်!”ဆိုပြီး ရေးတင်ခဲ့ပါတယ်။

အိန္ဒိအစိုးရက ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ကားတင်သွင်းမှုအပေါ် အခွန်တွေ လျှော့ပေါ့တဲ့ မူဝါဒကို ကြေညာပြီးနောက် အီလွန် မတ်စ်ဟာ ဟာ အိန္ဒိယမှာ စက်ရုံတည်ဆောက်ဖို့ ဒေါ်လာ ၂ ဘီလီယံကနေ ၃ ဘီလီယံအထိ ရင်းနှီးမြုပ်နှံမယ်လို့ မျှော်လင့်ထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ခရီးစဉ်မှာ  နယူးဒေလီက   အမှုဆောင်အရာရှိတွေနဲ့လည်း တွေ့ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

မတ်စ်ဟာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံမှာ သူ့ရဲ့  Starlink ဂြိုလ်တု broadband ဝန်ဆောင်မှုတွေကို စတင်ဖို့ အိန္ဒိယအစိုးရရဲ့  စည်းမျဉ်းခွင့်ပြုချက်ကို စောင့်မျှော်နေတာလည်း ဖြစ်ပါတယ်။

မိုဒီဟာ ရှားရှားပါးပါး တတိယအကြိမ်မြောက် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ခန့်မှန်းထားပြီး သူနဲ့ အီလွန် မတ်စ်တို့ကြား အရေးကြီးတဲ့ အလှည့်အပြောင်းတွေ ရှိနေတယ်လို့လည်း သတင်းတွေက ခန့်မှန်းရေးသားနေကြပါတယ်။

Ref: Reuters


ပုံစာ။ တက်စလာ အကြီးအကဲ အီလွန် မတ်စ်

Feature Image Credit: BBC

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *