အီလွန် မတ်ခ်စ် အနေနဲ့ သူကိုယ်တိုင် အလုပ်ထုတ်လိုက်တဲ့ တွစ်တာ အမှုဆောင် သုံးယောက်အတွက် ဒေါ်လာ သန်း ၂၀၀နီးပါး အိပ်ကပ်ထဲက ထွက်ဖို့ ရှိနေ

  နက် စီးဂဲလ်(ဝဲဘက်) )  ပက် အာဂရာဝါး (အလယ်)ဗီဂျာရာ ဂတ်ဒီ (ညာဘက်)
Photo Credit: Kevin Dietsch/David Paul Morris/Bloomberg/Getty Images

နယူးယောက်၊ နိုဝင်ဘာ ၁

ပြီးခဲ့တဲ့ သီတင်းပတ်တွေက အီလွန် မတ်ခ်စ် ကိုယ်တိုင် အလုပ်ထုတ်ပစ်ခဲ့တဲ့ စီအီးအိုဟောင်း ပရက် အာဂရာဝါး၊ စီအက်ဖ်အိုဟောင်း နက် စီးဂဲလ် နဲ့  တရားရေးအရာရှိချုပ်ဟောင်း ဗီဂျာရာ ဂတ်ဒီ တို့သုံးဦးကို  မတ်ခ်စ် အနေနဲ့  ဒေါ်လာ ၁၈၇သန်း ဝန်းကျင် ပေးဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဆိုခဲ့တဲ့ တွစ်တာထိပ်တန်း အရာရှိ သုံးယောက်ဟာ အီလွန် မတ်ခ်စ်က တွစ်တာ ကုမ္ပဏီကို အပြတ်ဝယ်ပြီး ထိန်းချုပ်ခဲ့တဲ့နောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့အကြောင်း  ကုမ္ပဏီနဲ့ နီးစပ်တဲ့သူတစ်ယောက်က ပြောပြချက်အရ သိရတာ ဖြစ်ပါတယ်။

၂၀၂၁ နှစ်ကစ စီအီးအို ရာထူး ယူခဲ့တဲ့ အာဂရာဝါး က အစုရှယ်ယာ ၁၅၅၀၀၀ ရှိနေပြီး အမေရိကန်ဒေါ်လာ ၈ဒဿမ၄သန်: ရမှာ ဖြစ်သလို စီးဂဲလ် က သူပိုင်ဆိုင်တဲ့ အစုရှယ်ယာ ၄၀၆၀၀၀ အတွက် ကန်ဒေါ်လာ၂၂ သန်းရမှာ ဖြစ်ပြီး ဂတ်ဒီကတော့ ရှယ်ယာ ၆၄၂၀၀၀ အတွက် ကန်ဒေါ်လာ ၄၃ဒဿမ၈သန်း သန်းနဲ့ အသီးသီး  တွစ်တာကို နုတ်ဆက်ထွက်ခွာသွားကြတော့မှာ ဖြစ်ပါတယ်။

ဖော်ပြခဲ့တဲ့ ငွေအပြင် သုံးဦး စလုံးရဲ့ အခြေခံလစာတစ်နှစ်စာကိုလည်း ခံစားခွင့်ရဦးမှာမို့  အာဂရာဝါးအတွက် အတွက် ဒေါ်လာ ၁ သန်း၊စီး‌:ဂဲလ် နဲ့ ဂတ်ဒီတို့က တစ်ယောက်ကို ဒေါ်လာ ၆သိန်းစီ ရမှာ ဖြစ်ပါတယ်။ ဒီလို လစာ ခံစားခွင့်အပြင် တစ်ယောက်ကို ဒေါ်လာ ၇၃,၀၀၀ နီးပါးတန်ဖိုးရှိတဲ့ တစ်နှစ်စာ ကျန်းမာရေးအာမခံ ကိုလည်း ရရှိမှာလို့ သိရပါတယ်။

Ref: CNN (Business)

Visited 1 times, 1 visit(s) today