အီလွန်မာ့စ်ရဲ့ ပိုင်ဆိုင်မှုက ဝါရင်ဘတ်ဖက်ထက် နှစ်ဆပိုပြီး ဂျက်ဖ် ဘေးဇို့စ်ထက်လည်း ဘီလျံ ၁၀၀ ပိုချမ်းသာ

နယူးယော့ခ်၊ ဧပရယ် ၅

Tesla (TSLA) နဲ့ SpaceX အမှုဆောင်အရာရှိချုပ် အီလွန်မာ့စ်ရဲ့ အသားတင်ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ဘီလျံ ၃၀၀ နီးပါးရှိနေပြီ ဖြစ်တဲ့ အကြောင်း ဖော့ဘ်မဂ္ဂဇင်းက ဖော်ပြပါတယ်။ Amazone ရဲ့ တည်ထောင်သူလည်းဖြစ် မာ့စ်ရဲ့ အာကာ သပြိုင်ဖက်လည်းဖြစ်တဲ့  Blue Origin ပိုင်ရှင် ဂျက်ဖ် ဘေးဇို့စ် ထက်လည်း ဘီလျံ၁၀၀ကျော်ပိုပိုင်ဆိုင်ပြီး ကမ္ဘာ့အချမ်းသာဆုံး နံပါတ် တစ် နေရာကို  အီလွန်မာ့စ်ကပဲ ပြတ်ပြတ်သားသား နေရာယူထားပါတယ်။

ဒီရက်ပိုင်းမှာပဲ တွစ်တာရဲ့ ဘုတ်အဖွဲဝင်အသစ်ဖြစ်လာတဲ့ မာ့စ်ဟာ ကမ္ဘာ့ အအောင်မြင်ဆုံး ရင်းနှီးမြုပ်နှံသူတယောက်အဖြစ် အများက အသိအမှတ်ပြုလက်ခံထားတဲ့ ဝါရင်ဘတ်ဖက် ( ၁၂၅ ဘီလျံ) ထက်လည်း နှစ်ဆကျော်ပိုကြွယ်ဝနေပြီး အရင်ကာ လ Microsoft (MSFT) CEO တွေ ဖြစ်တဲ့ ဘီလ် ဂိတ် (၁၃၆ဘီလျံ) နဲ့ စတိ့ဖ် ဘယ်လမာ (၁၀၀ဘီလျံ) တို့ရဲ့ ချမ်းသာ ကြွယ် ဝမှု ထက်ကို သိသိသာသာ ကြီး သာလွန်သွားခဲ့ံပြီဖြစ်ပါတယ်။

အီလွန် မာ့စ်ကို ကနေဒါသူ မိခင် နဲ့ တောင်အာဖရိကသား ဖခင် တို့က ၁၉၇၁ ဇွန် ၂၈ မှာ တောင်အာဖရိကနိုင်ငံ ၊ ပရီတိုးရီး ယားဒေသမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ်မှာ ကနေဒါနိုင်ငံကို့ရွေ့ပြောင်းခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် မေလ မှာ SpaceX နာမည်နဲ့ လေကြောင်းဆိုင်ရာ ထုတ်လုပ်ရေး၊ အာကာသ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီကို ထူထောင်ပါတယ်။ သူက လျှပ်စစ်ကားထုတ်လုပ်တဲ့ Tesla ကုမ္ပဏီကိုလည်းဗိသုကာပိုင်း ထောက်ပံ့သူ ဖြစ်သလို ပူးတွဲထူထောင်သူလည်း ဖြစ်ပါတယ်။ ဖော့ဘ်မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ သူဟာ ၂၀၁၈ခုနှစ်မှာအဆင့် ၅၄ နေရာမှာသာ ရှိနေရာကနေ အခုလို အဆင့် တစ်ကို လျင်လျင်မြန်မြန် ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

Ref: CNN Business

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *