အဇာဘိုင်ဂျန်နဲ့ ပူးတွဲဆောက်တဲ့ ဆည်ဖွင့်ပွဲသွားရင်းရဟတ်ယာဥ်ပျက်ကျခဲ့တာဖြစ်
အီရန်သမ္မတEbrahim Raisi နဲ့ နိုင်ငံခြားရေးဝန် ကြီး Hossein Amirabdollahianတို့ လိုက်ပါစီး နင်းလာတဲ့ရဟတ်ယာဥ်ဟာ ၂၀၂၄ခုနှစ် မေလ၁၉ရက်ကအရှေ့အဇာဘိုင်ပြည်နယ် မြူထူထပ်တဲ့တောင်တန်းတစ်နေရာမှာ ပျက်ကျမှုဖြစ်ပွားခဲ့တယ်လို့ အီရန်နိုင်ငံမီဒီယာတွေက သတင်းထုတ်လွှင့်ခဲ့ပါတယ်။
ရဟတ်ယာဥ်ပျက်ကျတဲ့နေရာဟာရာသီဥတုဆိုးဝါးလွန်းတာမို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ခက်ခက်ခဲခဲလုပ်ကိုင်နေရပြီး အီရန်သမ္မတနဲ့နိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ အသက်အန္တရာယ်ဟာ စိုးရိမ်ဖွယ်ရာရှိတယ်လို့လည်း သိရပါတယ်။
အဇာဘိုင်ဂျန်နဲ့ ပူးတွဲဆောက်တဲ့ ဆည်ဖွင့်ပွဲကို အီရန်သမ္မတဟာ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် ထိပ် တန်းအရာရှိတွေနဲ့အတူ ရဟတ်ယာဥ်သုံးစီးနဲ့သွားရာကနေ သမ္မတစီးနင်းလာတဲ့ရဟတ်ယာဥ်ဟာ Hard landing ဖြစ်သွားခဲ့ရတာလို့လည်း သိရပါတယ်။
Visited 8 times, 1 visit(s) today



