အီရန်သမ္မတ ရဟတ်ယာဉ်ပျက်ကျသေဆုံးမှု နောက်ကွယ်က လှိုင်းဂယက်များ

“လေယာဉ်မှူးအမှား၊ လူသားအမှားကို အပြစ်တင်စရာဖြစ်နိုင်ပေမယ့် လေယာဉ်မှူးအမှားတင်မဟုတ်ဘဲ ပျက်ကျမှုကို ဖြစ်စေတဲ့ ကွင်းဆက်တွေရှိခဲ့တယ်”

အီရန်သမ္မတ အီဘရာဟင် ရိုက်ဆီ နဲ့ သူ့ရဲ့  နိုင်ငံခြားရေးဝန်ကြီး အပါအဝင်  တခြားခြောက်ဦးတို့ ရဟတ်ယဉ်ထိုင်ခုံပေါ် စထိုင်လိုက်ကြတဲ့အချိန်မှာ အဇာဘိုင်ဂျန်- အီရန်နယ်စပ်တလျှောက် တောင်ထိပ်တွေမှာ တိမ်ထူထပ်နေပြီဖြစ်ပါတယ်။ ရာသီဥတုဆိုးရွားနေပေမယ့်လည်း ရဟတ်ယာဉ်ဟာ ရေနံပိုက်လိုင်းအသစ်တစ်ခု့ရှိရာ  အနောက်တောင်ဘက် ၁၄၅ ကီလိုမီတာအကွာကို စတင်ထွက်ခွါလာခဲ့ကြပါတယ်။

အချိန်တစ်နာရီ မပြည့်မီလောက်မှာတော့ သမ္မတို့ အဖွဲစီးလာတဲ့ Bell 212 ရဟတ်ယာဉ်က တိမ်တွေဖုံးနေတဲ့ တောင်စောင်းတစ်ခု ပေါ်ကို ပျက်ကြသွားခဲ့ပါတယ်။ နေ့ရက်ကို ပြောရရင်တော့ ၂၀၂၄ခုနှစ် မေလ ၁၉ရက်နေ့ပဲ ဖြစ်ပါတယ်။

ပျက်ကျရတဲ့  အကြောင်းရင်းကို တစ်လလောက် ကြာလာချိန် ဇွန်လဆန်းအထိ မသိရသေးပေမယ့်လည်း ဒီနေ့မှာတော့  အီရန်အဓိပတိခေါင်းဆောင် အယာတိုလာ အလီခါမေနီရဲ့  သဘောထားတင်းမာတဲ့ လက်ရုံး တစ်ယောက်ကတော့ သေဆုံးသွားခဲ့ရပြီ ဖြစ်ပါတယ်။ဒီလို ရုတ်တရက် သေဆုံးရတာက    ဆန့်ကျင်ဘက်တွေရဲ့ စိန်ခေါ်မှုတွေ ခေါင်းထောင်ကြည့်လာကြတာမျိုးအထိ ဖြစ်လာခဲ့ပါတယ်။

အီရန်စစ်တပ်က စုံစမ်းစစ်ဆေးသူတွေဟာ  လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်တဲ့ ကြေညာချက်နှစ်စောင် ထုတ်ပြန်ခဲ့ပြီး သံသယဖြစ်ဖွယ်အကြောင်းရင်းကို ကမ်းလှမ်းမယ့်အစား ဖြစ်နိုင်ချေတွေကို ပယ်ချခဲ့ပါတယ်။တကယ်တော့ သမ္မတစီးသွားတဲ့ ရဟတ်ယာဉ်က ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်တို့ သုံးခဲ့တဲ့  ဒလက်နှစ်ခုပါတဲ့ အင်ဂျင်နှလုံးတပ် ရဟတ်ယာဉ်ပဲ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးတဲ့ အဖွဲကတော့ အပြင်မှာ သတင်းထွက်နေတဲ့ ဆိုက်ဘာ တိုက်ခိုက်မှု ဖြစ်နိုင်ခြေ ရှိတယ်ဆိုတာကိုလည်း ငြင်းဆိုထားပါတယ်။

“လေယာဉ်အမှုထမ်းတွေကြား မှတ်တမ်းတင်ထားတဲ့ စကားပြောဆိုမှုတွေက အခင်းဖြစ်ပွားချိန်ကနေ တုံ့ပြန်မှု ရပ်တန့်သွားချိန်အထိ  ၆၉ စက္ကန့်ကြာမြင့်ကြောင်း ပြသနေပါတယ်” လို့ စုံစမ်းစစ်ဆေးသူတွေက ပြောဆိုခဲ့တာကိုအစိုးရပိုင် IRNA သတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။

တချို့သော အီရန် အရာရှိတွေကတော့ ရာသီဥတုကြောင့်မဟုတ်ဘဲ မောင်းနှင်နေချိန် တစ်ခုခု မှားယွင်းခဲတာလို့ အခိုင်အမာ ပြောဆိုနေဆဲလည်း ဖြစ်ပါတယ်။

ထင်ရှားတဲ့  ဂျာနယ်လစ်  အာဘတ် အက်ဘီက သမ္မတရဲ့  ရဟတ်ယာဉ် ပျံသန်းရာ လမ်းကြောင်းဟာ ပုံမှန်စံနူန်း မဟုတ်ဘူးလို့ X မှာ ရေးထားပါတယ်။

ပျက်ကျခဲ့တဲ့  ရဟတ်ယာဉ်ဟာ  သက်တမ်း ၃၀ နီးပါးရှိနေပြီဖြစ်ပြီး ကနေဒါနိုင်ငံ၊ မွန်ထရီရယ် ဘဲလ်ထုတ်လုပ်ရေးစက်ရုံကနေ အီရန်လေတပ်ကို တိုက်ရိုက်ရောက်လာဖြစ်တယ်လို့လည်း သိရပါတယ်။လက်ရှိမှာ အီရန်နိုင်ငံမှတ်ပုံတင်ထားတဲ့ Bell 212 ရဟတ်ယာဉ် ၁၂ စင်းကို အသုံးပြူနေဆဲလို့ သိရပါတယ်။

တက္ကဆက်ပြည်နယ် Fort Worth အခြေစိုက် Bell Textron Inc. ကလည်း “အီရန်မှာ ဘယ်လိုလုပ်ငန်းကိုမျှ လုပ်ဆောင်နေတာမရှိသလို သူတို့ရဲ့ ရဟတ်ယာဉ်တွေကို ထောက်ပံ့တဲ့ ဘာဝန်ဆောင်မှုကိုမှ ပေးနေတာမရှိ ပါဘူး” လို့ပြောပါတယ်။ ဒါအပြင် ရဟတ်ယာဉ်ရဲ့ ကြံခိုင်မှု အခြေနေကိုလည်း ဘာမှသိမထားပါဘူးလို့ ဆိုပါတယ်။

လက်တွေ့မှာ ရဟတ်ယာဉ်တွေက ဆယ်စုနှစ်များစွာ သက်တမ်းရှိနေပေမယ့် Bell 212 နဲ့  စစ်ဘက်ဆိုင်ရာ Huey လေယာဉ်တွေဟာ ကမ္ဘာအနှံ့မှာအသုံးပြုနေကြဆဲလို့ိလည်း သိရပါတယ်။

“ဒါဟာ အလတ်စား ရဟတ်ယာဉ် စံနှုန်းတွေနဲ့ ပျံသန်းဖို့ ရိုးရှင်းတဲ့ လေယာဉ်ပါ။ ပုံမှန်အားဖြင့်တော့ အော်ပရေတာတွေအတွက် အပြုသဘောနဲ့ အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိနိုင်တဲ့ အလိုအလျောက်စနစ် အများကြီး မရှိပါဘူး” လို့  အမေရိကန်နျူကလီးယားတပ်ဖွဲ့ရဲ့  ဝါရှင်တန်မှာရှိတဲ့ စမစ်ဆိုနီယမ်  အမျိုးသားလေကြောင်းနဲ့ အာကာသပြတိုက် မှာ တာဝန်ထမ်းဆောင်နေတဲ့ လေယာဉ်မှူး ရော်ဂျာ ဒီ ကော်နာက ပြောပါတယ်။

ဒီနေရာမှာ အရေးကြီးတဲ့  အချက်တစ်ချက်ရှိနေပါတယ်။ ဒါကအနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့်  လေယာဉ်တွေ ၊ ရဟတ်ယာဉ်တွေရဲ့ အပိုပစ္စည်းနဲ့ အခြားသော နည်ပညာပံ့ပိုးမှုတွေ မရတော့ဘဲ ပြည်တွင်းမှာသာ အဆင်ပြေအောင် ထိန်းသိမ်းလုပ်ကိုင်နေရတယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မိုဟာမက် ဂျာဗက် ဇာဖီ ကတော့  လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုတွေကို အပြစ်တင်ဖို့  ကြိုးပမ်းနေတယ်လို့လည်း သတင်းတွေက ဆိုကြပြန်ပါတယ်။

“ ရာသီဥတုဆိုးရွားတဲ့ အချိန် ရဟတ်ယာဉ်တစ်စင်း ပျံသန်းဖို့ ဆုံးဖြတ်ချက်အတွက် အီရန်အစိုးရမှာ တာဝန်ရှိပါတယ်” လို့လည်း ထောက်ပြနေတာတွေ ရှိနေပြန်ပါတယ်။

ဒါတင်မက ရဟတ်ယာဉ်ပေါ်မှာ အရေးပေါ် ခြေရာခံကရိယာ(Black Box) ပါ မပါ ရှိ၊ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို သိရပါတယ်။

ဒီအဖြစ်အပျက်မှာ “လေယာဉ်မှူးအမှား၊ လူသားအမှားကို အပြစ်တင်စရာဖြစ်နိုင်ပေမယ့် လေယာဉ်မှူးအမှားတင်မဟုတ်ဘဲ ပျက်ကျမှုကို ဖြစ်စေတဲ့ ကွင်းဆက်တွေရှိခဲ့တယ်” ဆိုတဲ့ ဝေဖန်သံတွေကလည်း ဆက်တိုက်ပေါ်ထွက်နေဆဲပဲ ဖြစ်ပါတယ်။

အခူ ဖော်ပြပေးလိုက်တာကတော့ အီရန်သမ္မတ ရိုက်စီ နဲ့ နိုင်ငံအကြီးအကဲတွေ ရဲ့ ရဟတ်ယာဉ်ပျက်ကျမှု အပြီး ထွက်ပေါ်နေတဲ့ လှိုင်းဂယက်ိတွေ အကြောင်းပဲ ဖြစ်ပါတယ်။

ကိုးကား။  ဗီအိုအေ က ၂၀၂၄ ဇွန် ၈ရက်မှာ ဖော်ပြခဲ့တဲ့ “Iran helicopter crash shows Tehran’s reliance on an aging fleet” ဆောင်းပါးကို ဘာသာပြန် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

Photo Credit: VOA

Visited 17 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *