အီရန်မှာ အသံထက် ၁၅ဆမြန်တဲ့ ဒုံးလက် နက်ထုတ်လုပ်နိုင်ပြီ

အီရန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေ သမှာ နည်းပညာအလွန်ဖွံ့ဖြိုးအောင် ကြံဆောင်နိုင်ခဲ့ရာကနေ အခုအချိန်မှာ ရန်ဖက်ဖြစ်တဲ့ အစ္စရေးကို စစ်လက်နက်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ယှဉ်ပြိုင် နိုင်လောက်တဲ့အထိ တိုးတက်နေပြီလို့ ဆိုကြတယ်။

နျူကလီးယားနည်းပညာနဲ့ပတ်သက်ရင် လည်း ခရီးအတော်ရောက်လာခဲ့တဲ့အတွက် အမေရိကန်က စောင့်ကြည့်ပြီး စာချုပ်နဲ့ထိန်း ချုပ်ခဲ့ရတယ်။

ယူကရိန်းအရေးမှာ ရုရှားကလိုအပ်တဲ့ ခါမီခါဇေ ဒရုန်းယာဉ်တွေ အီရန်က ရောင်းပေးနေတယ်လို့ အမေရိကန်ဖက်က စွပ်စွဲတာကို အစပိုင်းတုန်း ကတော့ မဟုတ် ဘူးလို့ငြင်းတယ်။ နောက်ပိုင်းမှာ စွပ်စွဲ သူဖက်ကရော စွပ်စွဲခံရသူဖက်ကပါ အသံ တိတ်သွားကြတယ်။

အခုချိန်မှာတော့ ရုရှားမှာ အီရန်က ဒရုန်းစက်ရုံသွားတည်ပြီး လိုသလောက် ထုတ်ရောင်းဖို့ရာ ပြင်ဆင်နေကြပြီလို့ သိရပြန်တယ်။ အီရန်ဟာ စစ်လက်နက် ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့အင် အားကြီး ရုရှားနိုင်ငံကိုတောင် ထောက်ပံ့ ကူညီနိုင်တဲ့ အဆင့်မျိုးအထိ ရောက်လာပြီ ဆိုတဲ့သဘောဖြစ်တယ်။

အီရန်က နောက်ဆုံးပေါ်ထွက်လာတဲ့ သ တင်းကတော့ အသံထက်မြန်တဲ့ ဒုံးလက် နက် ထုတ်လုပ်နိုင်ပြီဆိုတဲ့သတင်းပါ။ နည်း နည်းနောနောမြန်တာမဟုတ်ဘူး။ အသံထက် ၁၅ဆမြန်တယ်။ အဲဒီဒုံးလက်နက်ကို ဖတ် တာလို့အမည်ပေးထားပါတယ်။

Ref: Aljazeera

Leave a Reply

Your email address will not be published. Required fields are marked *