ဝါရှင်တန်၊ အောက်တိုဘာ ၅
အီရန်ဆီက သိမ်းဆည်းရမိထားတဲ့ လက်နက်တွေနဲ့ ထောင်နဲ့ချီတဲ့ ခဲယမ်းမီးကျောက်တွေကို ယူကရိန်းစစ်တပ် ရင်ဆိုင်နေရတဲ့ လက်နက် ပြတ်တောက်မှုအချို့ကို သက်သာရာရစေမယ့် လှုပ်ရှားမှုတစ်ခုအနေနဲ့ လွဲပြောင်း ပေးလိုက်တာ ဖြစ်တယ်လို့ အမေရိကန်ဘက်က တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ .
သိမ်းဆည်းရမိတဲ့ အီရန် ခဲယမ်းမီးကျောက် အလုံးရေ တစ်သန်းကျော်ကို ယူကရိန်း တပ်ဖွဲ့ဆီကို အမေရိကန် ဗဟိုဌာနချုပ်က လွှဲပြောင်းပေးလိုက်ပြီလို့ အောက်တိုဘာ၄ရက် ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။ အပြောင်း အရွှေ့ကိုတော့ အောက်တို ဘာ ၂ရက်ကတည်းက ပြုလုပ်ခဲ့တဲ့ အကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
ပြီးခဲ့တဲ့ နှစ်ထဲမှာ အမေရိကန်ရေတပ်ဟာ ယီမင်နိုင်ငံကို လက်နက်တွေတင်ပို့နေတဲ့အီရန် ရေယာဉ်တွေဆီကနေ ထောင်နဲ့ချီတဲ့ ချေမှုန်းရေးရိုင်ဖယ်တွေနဲ့ ခဲယမ်းမီးကျောက်တွေကို သိမ်းဆည်းရမိခဲ့ပါတယ်။
အခုနှစ် ဇန်န၀ါရီလလယ်မှာ အီရန်ကနေ ယီမင်ဆီကို ဦးတည်ပို့ဆောင်မယ့် ချေမှုန်းရေး ရိုင်ဖယ် အလက် ၃၀၀၀ နဲ့ တင့် ကား ဖျက် ပဲ့ထိန်းဒုံးကျည် ၂၃ စင်းကို သိမ်းဆည်းရမိပြီး အမေရိကန်က လက်နက်တွေကို ထိန်းသိမ်း ထားခဲ့ တာ ဖြစ်ပါတယ်။
အမေရိကန် တရားရေးဌာနဲ့ ကာကွယ်ရေးအရာရှိတွေဟာ ယူကရိန်းကို လက်နက်တွေ ပေးပို့ဖို့ တရားဝင် လမ်းကြောင်း ကို ရှာဖွေခဲ့ပြီး အတူတကွ လုပ်ဆောင်ခဲ့ကြတယ်လို့ ပြောဆိုကြောင်း သိရပါတယ်။
Ref: CNN
ပုံစာ။ အိုမန်ပင်လယ်ကွေ့မှာ ၂၀၂၃ ဇန်နဝါရီ ၁၅ ရက်ကသိမ်းဆီးရမိတဲ့ ယီမင်ကိုပို့မယ့် အဆင့်မြင့်လက်နက်များ
Feature Image Credit: US Department of Defense