အီတလီဝန်ကြီးချုပ်ဟောင်း၊အီတလီအထက်လွှတ်တော်အမတ်၊ဖော်ဇာအီတာလီယာ ပါတီခေါင်းဆောင်အသက်၈၆နှစ်အရွယ် မစ္စတာဘာလူစကိုနီဟာ မီလန်မြို့က ဆန် ရက် ဖယ်လီ ဆေးရုံ အထူးကြပ်မတ်ကုသ
ဆောင်မှာ နာတာရှည်သွေး ကင်ဆာရော ဂါအပါအဝင်အဆုတ်ရောင်ရောဂါနဲ့ ဇွန် လ၁၂ရက်ကကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
ဘာလူစကိုနီဟာ အီတလီဝန်ကြီးချုပ်အဖြစ် ၁၉၉၄ ခုနှစ်ကနေ ၂၀၁၁ခုနှစ်အထိ တာ ဝန်ထမ်းဆောင်ခဲ့ပြီးအီတလီနိုင်ငံရဲ့ အကြီး မားဆုံးတီဗွီကွန်ရက်ကို တည်ထောင်ခဲ့တဲ့ မီဒီယာလုပ်ငန်းရှင် ဘီလီယံနာသူဌေးကြီး တစ်ယောက်ဖြစ်တဲ့အပြင် ၁၉၈၆ခုနှစ်က ဒေဝါလီခံရတော့မယ့် အေစီမီလန်အသင်းကို ဝယ်ယူခဲ့ အေစီမီလန်ဘောလုံးအသင်းပိုင် ရှင်လည်း ဖြစ်ခဲ့ပါသေးတယ်။
Ref; AFP