
Photo Credit: The Sun
လန်ဒန်၊ ဇန်နဝါရီ ၆
အီတလီကြယ်ပွင့်ဘောလုံးသမားကြီး ဗီရာလီတစ်ယောက် ၂၀၂၃ ဇန်နဝါရီ ၆ ရက်က လန်ဒန်မြို့ ရွိုင်ရယ် မာဆေဒန် ဆေးရုံကြီးမှာ ပန်ကရိယကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူကွယ်လွန်ချိန်မှာတော့ အသက်၅၈နှစ်သာ ရှိသေးတာလည်း ဖြစ်ပါတယ်။
ဗီယာလီဟာ သူရဲ့ကင်ဆာအထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ပြီးတဲ့နောက် ကျန်းမာရေးအကြောင်းပြချက်နဲ့ အီတလီအမျိုးသားအဖွဲ့ချုပ်တာဝန်ကနေ နုတ်ထွက်ကြောင်း ၂၀၂၂ ဒီဇင်ဘာ က ကြောငြာခဲ့ပါတယ်။ အဲဒိအချိန်ဟာ ဗီယာလီတစ်ယောက် ကင်ဆာနဲ့ အပြင်းထန် တိုက်ပွဲဝင်နေရချိန်လည်း ဖြစ်ပါတယ်။
၂၀၁၈မှာ ကင်ဆာ ဖြစ်နေတဲ့အကြောင်း လူသိရှင်ကြားကြေငြာခဲ့ပေမယ့် အီတလီသတင်းစာတစ်ခုနဲ့ အင်တာဗျူးတစ်ခုမှာ သူ ‘အရမ်းနေကောင်းပါတယ်’ လို့ ပြောခဲ့ပါတယ်။
ဗီယာလီဟာ အီတလီကလပ် ဆမ်ဒိုးရီယား၊ ဂျူဗင်တပ် နဲ့ ပရီးမီယားလိခ်က ချဲလ်ဆီး အသင်းတွေမှာ ကစားခဲ့ပြီး အီတလီအသင်းအတွက်၅၉ ပွဲ ကစားပေးခဲ့ပါတယ်။ သူပါဝင်ခဲ့တဲ့ အီတလီအသင်းက ၁၉၉၀ ကမ္ဘာ့ဖလားမှာ တတိယနေရာရခဲ့ဘူးပါတယ်။
၂၀၂၀ ဥရောပဖလား ဗိုလ်လုပွဲမှာအီတလီက အင်္ဂလန်ကို ပင်နယ်တီနဲ့ အနိုင်ရ အပြီးမှာ အီတလီနောက်ခံလူ အလက်ဆန်ဒရို ဖလော်ရန်ဇီက ဗီယာလီ ကို ဂုဏ်ပြုခဲ့ဖူးပါတယ်။
ဗီယာလီရဲ့ ဘောလုံးဘဝမှတ်တမ်းကို ဖော်ပြရမယ်ဆိုရင်တော့ ကြေးစားဘောလုံးသမားဘဝကို ၁၉၈၀ခုနှစ်ကာလ အီတလီမှာ စတင်ခဲ့ပြီး ၁၉၈၃ ကနေ ၁၉၈၆ အီတလီ U20 အသင်း၊ ၁၉၉၂ ကနေ ၁၉၉၆ အထိ အီတလီ ဂျူဗင် တပ် အသင်း၊ ၁၉၉၈ ကနေ ၂၀၀၀ အထိ ချဲလ်ဆီးအသင်းကစာသမား၊ အသင်းနည်းပြ အဖြစ်ဖြတ် သန်းခဲ့ပါ တယ်။ ကမ္ဘာဖလားကို ၁၉၈၆၊ ၁၉၉၀ တွေမှာ နှစ်ကြိမ်ပါဝင် ကစားခဲ့ပါတယ်။
ဗီယာလီ့ကို အီတလီနိုင်ငံ ခရီမိုနာ မြို့မှာ ၁၉၆၄ခုနှစ် ဇူလိုင် ၉ရက်နေ့က မွေးဖွားခဲ့ပါတယ်။ ၂၀၀၃ခုနှစ်မှာ မော်ဒယ်၊ အိမ်တွင်းအလှဆင်ဒီဇိုင်နာ ကက်သရင်း ဝှိုက် ကူးပါးနဲ့ လက်ထပ်ခဲ့ပြီး ဒိနေထိချစ်ခင်စွာ ပေါင်းသင်းနေထိုင်ကာ အိုလီဗီယာနဲ့ ဆိုဖီယာ ဆိုတဲ့ သမီးနှစ်ယောက် ထွန်းကားခဲ့ပါတယ်။ လာမယ့် ရက်တွေမှာတော့ ကက်သရင်းကပဲ သူခင်ပွန်းဈာပနကို တာဝန်ယူ လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။
Ref: CNN