အီတလီနိုင်ငံမှာ၉ပေကျော်ရှည်လျားတဲ့ ငါးခူကြီးဖမ်းမိ

အီတလီနိုင်ငံက အလက်စန်းဒရို ဘီယန် ကာဒီလို့အမည်ရတဲ့ ငါးဖမ်းဝါသနာရှင် တစ်ဦးဟာ ဇွန်ပထမပတ်မှာ ပိုးမြစ် ထဲကငါးတွေမျှားနေရင်း တော်တော်ကြီး တဲ့ငါးတစ်ကောင် သူ့ငါးမျှားချိတ်မှာ မိနေပြီဆိုတာသိလိုက်တယ်။

စိတ်ရှည်ရှည်နဲ့အချိန်ပေးပြီး ဆွဲယူ လိုက်တဲ့အခါ သူ့တစ်သက်နဲ့တစ်ကိုယ် အကြီးဆုံးဖမ်းမိတဲ့ငါကြီးဖြစ်နေတာ တွေ့ ရတယ်။ တိုင်းကြည့်လိုက်တော့ ၉ပေ ၄ဒသမ၂လက်မရှည်လျားတယ်။

တိုင်းပြီးတော့ ဓာတ် ပုံ ဗွီဒီယိုမှတ်တမ်းရိုက် ပြီး တော့ အဲဒီဧရာမငါးခူကြီးကို ပိုးမြစ်ထဲ ပြန် လွှတ်ပေးလိုက်တယ်။ ဘီယန်ကာဒီဟာ မှတ်တမ်းဗွီဒီယိုကို သူ့ အင်စတာဂရမ်လူမှုကွန်ရက်ထဲလွှင့်တင်ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ဖို့ ကြိုးစား ခဲ့တယ်။

နှစ်ဦးပိုင်းမှာ ဒီပိုးမြစ်ထဲကပဲ ဂျာမနီကလူနှစ်ဦးဖမ်းမိပြီး ကမ္ဘာ့ အကြီး ဆုံးငါးခူစံချိန်တင်ခဲ့တယ်။အခု ဘီယန်ကာဒီဖမ်းမိတဲ့ ငါးခူကြီးက သူတို့ ဖမ်းမိတဲ့ငါးထက် ၁ဒသမ၅လက်မ ပိုရှည် နေတော့ အရင်စံချိန်ကိုချိုးနိုင်မှာပါ။

Ref: UPI

Visited 33 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *