အီတလီတံငါမြို့ငယ်လေးက အလုံးအထည်ခပ်ကြီးကြီးရေသူမရုပ်တု

အီတလီနိုင်ငံက မိုနိုပိုလီလို့ခေါ်တဲ့ တံငါလုပ် ငန်းလုပ်ကိုင်တဲ့ မြို့ငယ်လေးမှာ ရေသူမ ရုပ်တုအကြောင်း အခုတလော လူပြောများနေ ပါတယ်။

တံငါသည်တွေနေတဲ့မြို့ဆိုတော့ ရေသူမဆိုတာ သိပ်မထူးဆန်းပေမယ့် ဘာလို့လူပြောများနေ တာပါလိမ့်လို့ ထင်ကြပါလိမ့်မယ်။

နိုဗဲလ်ဆုရတဲ့ အီတလီအမျိုးသမီး သိပ္ပံပ ညာရှင် ရီတာလယ်ဗီ မွန်တယ်လ်ချီနီကို ဂုဏ်ပြုတဲ့အနေနဲ့ ဖွင့်ထားတဲ့ ရင်ပြင်ထဲမှာ ရုပ်တုတစ်ရုပ်ထုလုပ်ဖို့ မြို့တော်ဝန်ကိုယ် တိုင်က ညွှန်ကြားခဲ့ပြီးတော့ မြို့မိမြို့ဖတွေက အနုပညာကျောင်းနဲ့ ဆက်သွယ်ပြီး အလုပ်အ ပ်နှံခဲ့ပါတယ်။

ရုပ်တုဌာနက ကျောင်းသားတွေက တာဝန် ယူထုလုပ်ကြရာကနေ အလွန်အကျုးဖွဲ့ဆိုပြီး လုံးကြီးပေါက်လှ ရေသူမရုပ်တုပေါ်ထွက် လာတာကို မြို့သူမြို့သားတွေ မျက်ဝါးထင်ထင် တွေ့မြင်ကြရပါတော့တယ်။

ဟာ လွန်လှချည်လား လက်ရာကလည်း မြောက်ပါပေ့လို့ မြင်သူတိုင်း ပြောကြလို့ မြို့တော်ဝန်လည်းလာကြည့် အနုပညာ ကျောင်းအုပ်လည်း ရေသူမရုပ်တုကို လာကြည့်ကြတယ်။ အမျိုးသမီးထုကြီး တစ် ရပ်လုံးကို ဂုဏ်ပြုထုလုပ်ခဲ့တာလို့ အနုပညာ ကျောင်းအုပ်ကရှင်းပြတယ်။

အဲဒီရေသူမရုပ်တုကို တရားဝင်ဖွင့်ပြီးရင် အီတလီတစ်နိုင်ငံလုံးရော ဉရောပတစ် တိုက်လုံးရော နှစ်သက်လာကြပါလိမ့်မယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *