အီကွေဒေါရဲ့ အသက်အငယ်ဆုံး အမျိုးသမီးမြို့တော်ဝန် ပစ်သတ်ခံရ

ဆန် ဗင့်ဆန့်တေ၊ မတ် ၂၅

အီကွေဒေါနိုင်ငံက  အသက်အငယ်ဆုံး မြို့တော်ဝန် အသက် ၂၇ နှစ်အရွယ် ဘရီဂစ်တေ ဂရာစီယ ဆိုသူ အမျိုးသမီးဟာ မတ်လ ၂၅ရက်  တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ  ပစ်သတ်ခံခဲ့ရတယ်လို့  နိုင်ငံရဲတပ်ဖွဲ့က ပြောဆို လိုက်ပါတယ်။

X မှာ တင်ထားတဲ့  ပို့စ် တစ်ခုမှာတော့ သူဟာ သူ့ရဲ့ ဆက်သွယ်ရေးဒါရိုက်တာ ဖြစ်သူ ဂျာအီရို လော နဲ့ အတူ အငှားကား တစ်စီးပေါ်မှာရှိနေတုန်း သေနတ်နဲ့ ပစ်ခတ် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာ လို့ ရဲတပ်ဖွဲက သတင်း ထုတ်ပြန်ပါတယ်။

နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ တနင်္ဂနွေနေ့က ထုတ်ပြန် ချက် တစ်ခုမှာတော့ အီကွေဒေါအစိုးရဝန်ကြီးဌာနဟာ ဒီဖြစ်ရပ်ကို ရာဇ၀တ်မှုတစ်ခုလို့ ခေါ်ဆိုခဲ့သလို သတ်ဖြတ်မှုနောက်ကွယ်မှာ ဘယ်သူဘယ်ဝါ ရှိတယ်ဆိုတာ မသတ်မှတ်၊ မခန့်မှန်းနိုင်သေးဘူးလို့လည်း ပြောပါတယ်။

 ဒီဖြစ်ရပ်က နိုင်ငံလုံးဆိုင်ရာ “အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ရာဇ၀တ်မှုနဲ့ နိုင်ငံရေးအကျင့်ပျက်ခြစားမှု” ကို ရည်ညွှန်းဖော်ပြနေတာလို့ အစိုးရ တာဝန်ရှိသူက ရည်ညွှန်းပြောဆိုပါတယ်။

 ဒီနေ့ အီကွေဒေါနိုင်ငံဟာ လက်နက်ကိုင် ဂိုဏ်းတွေရဲ့ လက်ချက်နဲ့ အကြမ်းဖက်မှုတွေ အရှိန်အဟုန်နဲ့ တိုးလာနေတဲ့ အခြေနေနဲ့ ရင်ဆိုင်နေရပါတယ်။

ဇန်နဝါရီလတုန်းကလည်း အီကွေဒေါက နာမည်ကြီး  လူဆိုးဂိုဏ်းခေါင်းဆောင် ဟိုဆေး အာဒေါလ်ဖို မားစိယပ်  တစ်ယောက်အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ဒိနောက် ဇန်နဝါရီမှာ အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။ အီကွေဒေါသမ္မတ ဒန်နီရယ် နိုဘိုအာ ကလည်း  နောက်တစ်နေ့မှာ နိုင်ငံအတွင်း “ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ” တစ်ရပ်ကို ကြေညာခဲ့ပြီး နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုတွေကို ပျောက်ဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို  စစ်ဆင်ရေးတွေ လုပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ အဲ့ဒီလို့  အမိန့်ထုတ်ပြီး နှစ်ပတ်အကြာမှာ လူပေါင်း ၂၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သမ္မတရုံးက သတင်း ထုတ်ပါတယ်။

အသတ်ခံခဲ့ရတဲ့ မြို့တော်ဝန်ဟာ သမ္မတဟောင်း ကော်ရေယာနဲ့ မဟာမိတ်ဖြစ်ပြီးလက်ဝဲယိမ်း Citizen Revolution Party ရဲ့  အဖွဲ့ဝင်တစ်ယောက်အနေနဲ့ အရင်နှစ်က ရွေးကောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

Ref: CNN

ပုံစာသေဆုံးသွားတဲ့  မြိုတော်ဝန် ဘရီဂတ်တေ ဂရာစီယ

Feature Image Credit: @MelaBrigitte/X

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *