အိုးဘိုထောင်ရဲ့ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ မန္တလေးမြို့တော်ဝန်ဟောင်းဒေါက်တာရဲလွင်နဲ့စည်ပင်ကော်မတီဝင်ဟောင်းဦးကျော် ဇေယျတို့ ပါဝင်လာ

မန္တလေးအိုးဘိုထောင်ရဲ့ ဇန်နဝါရီလ၄ရက်နေ့က လွတ် ငြိမ်းချမ်းသာခွင့်မှာ မန္တလေးမြို့တော်ဝန်ဟောင်းဒေါက် တာရဲလွင်နဲ့ချမ်းအေးသာစံမြို့နယ်စည်ပင်ကော်မတီဝင်ဟောင်းဦးကျော်ဇေယျတို့ ပါဝင်လာတယ်လို့ ၎င်းတို့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်နဲ့ချမ်းအေးသာစံ မြို့ နယ်စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ဟာ စစ်တပ်အာဏာထိန်းပြီး ဖေဖော်ဝါရီလအတွင်းမှာ ဖမ်း ဆီးထိန်း သိမ်းခံခဲ့ရပြီး ပုဒ်မ ၅၀၅ (ခ)နဲ့ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရကာ၂၀၂၂ နိုဝင်ဘာလမှာ လွတ်ရက်စေ့ပြီး ပြန်လည် လွတ်မြောက်ခါနီးအချိန်တွင် နစကမှ နှစ်ဦးလုံးကို နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှု ပုဒ်မ- ၄၀၉ နဲ့ တရား စွဲဆိုပြီး ဖေဖော်ဝါရီ ၃ ရက်တွင် အိုးဘိုထောင်တွင်း တရား ရုံးဖြင့် ထောင်ဒဏ် ၂ နှစ် ထပ်မံ ချမှတ်ခံထားရာကနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ၄ရက် လွတ် ငြိမ်းချမ်းသာခွင့် ပြန် လည်လွတ်မြောက်ခဲ့တာလို့ ၎င်းတို့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *