အိမ်ဖြူတော် အနေနဲ့ တရုတ်နိုင်ငံထဲက  အမေရိကန် ရင်းနှီး မြှုပ်နှံမှု တချို့ကို ကန့်သတ်ဖို့ အသေးစိတ် အစီအစဉ်တွေ ရှိနေတယ်လို့ ထုတ်ဖော်ပြော

ဝါရှင်တန်၊ ဩဂုတ် ၉

အိမ်ဖြူတော် အနေနဲ့ တရုတ်နိုင်ငံထဲက  အကဲဆတ်တဲ့  နည်းပညာဆိုင်ရာ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတချို့ကို တားမြစ်ဖို့ အစီအစဉ်တွေအသေးစိတ်ဖော်ပြမှာ ဖြစ်သလို  အခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်ပြီးလည်း အစိုးရကို အသိပေးဖို့ လိုအပ်တယ်လို့ အစိုးရသတင်းရင်းမြစ်တစ်ခုက Reuters သတင်းဌာနကို ပြောဆိုခဲ့ တယ်လို့ သိရပါတယ်။

ဒီအစီအစဉ်တွေဟာ အမေရိကန်ရဲ့ အရင်းအနှီးနဲ့ ကျွမ်းကျင်ပညာရှင်တွေက တရုတ်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ တွေကို ခေတ်မီ အောင် ပံ့ပိုးပေးပြီး အမေရိကန် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ နည်းပညာများတွေ  ဖွံ့ဖြိုးတိုးအောင် ကူညီနေ တဲ့ ကိစ္စမျိုးတွေကို တားဆီးဖို့  ရည်ရွယ်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်ဟာ  အခုသီတင်းပတ်ထဲမှာ တရုတ်နိုင်ငံထဲ က အမေရိကန်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေကို  စစ်ဆေးဖို့ အမှု ဆောင် အမိန့်ကို မကြာခင်မှာပဲ  ထုတ်ပြန်လိမ့်မယ်လို့ မျှော်လင့်နေကြတယ်လို့ Reuters သတင်း မှာ ဖော်ပြထားပါတယ်။

ဩဂုတ် ၉ရက် ဗုဒ္ဓဟူးနေ့မှာ အဆိုပါအမိန့်ကို မျှော်မှန်းထားတယ်လို့  အစိုးရအကြီးတန်းသတင်းရင်းမြစ်က ပြောပေမယ့် အိမ်ဖြူတော်က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဘိုင်ဒန် အစိုးရ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကလည်း တရုတ်နိုင်ငံထဲက  အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ကန့်သတ် ချက် မှန်သမျှကို ကျဉ်းမြောင်းသွားအောင်  ပစ်မှတ်ထားရမယ် ဆိုပြီး လပေါင်းများစွာတောက်လျှောက် အလေးပေးပြော နေခဲ့တာလည်း ဖြစ်ပါတယ်။

အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် စူလီဗန် က  “ဒါတွေက အံဝင်ခွင်ကျ ဆောင်ရွက်မှုတွေပါပဲ” “ပေကျင်းပြောသလို ‘နည်းပညာပိတ်ဆို့တာမျိုး မဟုတ်ပါဘူး” လို့ ဧပြီလက ပြောဆို ခဲ့ကြောင်းလည်း သိရပါတယ်။

Ref: Reuters

ပုံစာအညွှန်း၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်က အိမ်ဖြူတော်မှာ တွေ့ရတဲ့ သမ္မတ ဂျိုးဘိုင်ဒန်

Feature Image Credit: Reuters/Elizabeth Frantz

Leave a Reply

Your email address will not be published. Required fields are marked *