အိမ်ခြံမြေသူဋ္ဌေးကြီး ဝန်ကြီးချုပ်ရာထူးစတင်ယူ

ထိုင်းနိုင်ငံ လွှတ်တော်က ဝန်ကြီးချုပ်အဖြစ်ရွေးချယ်လိုက်ပြီး ထိုင်းဘုရင်မင်းမြတ်ရဲ့တော်ဝင်ထောက်ခံချက်ကိုပါရရှိသွားတဲ့ အိမ်ခြံမြေသူဋ္ဌေးကြီးဟာ ထိုင်းရဲ့ ၃၀ဦးမြောက်ဝန်ကြီးချုပ်ရာထူးကို စတင်ရယူပြီဖြစ်ပါတယ်။

ဖွေထိုင်းပါတီရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ်အသစ် ဆေထာ ထဝီဆင်က နိုင်ငံ့ခရီးသွားလုပ်ငန်း ပြန်ဦးမော့အောင်လုပ်တာ၊ လုပ်ခလစာတိုးမြှင့်ရေးစတာတွေကို ဦးစားပေးလုပ်ဆောင်ဖို့ရှိတယ်လို့ ထိုင်းနိုင်ငံရေး အကဲခတ်တွေက သုံးသပ်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *