အိမ်ကို မပြန်နိုင်တော့သူ (သို့မဟုတ်) ရှင်ဇို အာဘေး

ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး နဲ့ ဇနီးသည်တို့ မြန်မာနိုင်ငံကို လေယာဥ် မထွက်ခွာမီ ဂျပန်နိုင်ငံ တိုကျိုမြို့ ဟာနေဒါလေဆိပ်မှာ လက်ပြနုတ်ဆက်နေကြပုံ ( ၂၀၁၃ မေ ၂၄ရက် သောကြာနေ့) (AP Photo/Kyodo News)

ဂျပန်နိုင်ငံ ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့ တွေကို အနုမြူဗုံးကြဲတိုက်ခိုက်ခံရပြီး ၉နှစ် အကြာ ၁၉၅၄ခုနှစ်  စက်တင်ဘာလ ၂၁ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့က ရှင်ဂျုကု အရပ်မှာ ရှင်ဇို အာဘေးကို မွေးဖွားခဲ့ပါတယ်။ မိခင်ဘက်က တော်စပ်တဲ့ အဖိုးကို အ‌ကြောင်းပြုပြီး အာဘေးတို့မိသားစုတွေက သူတို့ခေတ်သူတို့အခါမှာ အဘက်ဘက်က ဩဇာကြီးသူတွေ ဖြစ်ခဲ့ကြပါတယ်။ အဖိုးနာမည်က နိုဘုဆုကေ ကိရှိ လို့ခေါ်ပြီး  အယ်လ်ဒီပီပါတီ (Liberal Democratic Party) ရဲ့ နာမည်ကြီး နိုင်ငံရေးသမားတစ်ယောက်ဖြစ်ခဲ့ပြီး ၁၉၅၇ ခုနှစ်ကနေ ၁၉၆၀ အထိ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

အာဘေးရဲ့ ဖခင်ဖြစ်တဲ့ ရှင်တာရို အာဘေး ကလည်း ၁၉၅၈ခုကနေ ၁၉၉၁ နှစ်ကာလတွေ အတွင်း အောက်လွတ်တော်မှာ တာဝန်ထမ်းနေရာကနေ အစိုးရအဖွဲ့အတွင်းဝန်ချုပ်၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနဲ့ စက်မှုဝန်ကြီး ရာထူးတွေအပြင်  နိုင်ခြားရေးဝန်ကြီးရာထူးကိုလည်း တာဝန်ထမ်းဆောင်ခဲ့ရသူပါ။  ဒါ့အပြင် သူတို့ ဂျပန်တွေ အဖို့ ဂုဏ်ယူရတဲ့  အသက်စွန့်ထားပြီး အသေခံတိုက်ရတဲ့ ကာမီကာဇေးတိုက်လေယာဥ်မှုးတစ်ယောက်အနေနဲ တိုက်ပွဲဝင်ဖို့ လေ့ကျင့်နေတုန်း ဒုတိယကမ္ဘစစ်ကြီး ပြီးသွားတာမို့ အသက်မစွန့်ခဲ့ရပါဘူး။

၁၉၇၇ ခုနှစ်အရောက်မှာတော့  ရှင်ဇို အာဘေးတစ်ယောက်  ဆေးကေ့တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံပညာ နဲ့ ပြည်သူ့အုပ်ချုပ်ရေးပညာကို သင်ယူ တတ်မြောက်ခဲ့ပါတယ်။ အမေရီကန်နိုင်ငံကို ပြောင်းရွှေ့ခဲ့ပြီး University of Southern California’s School of Policy, Planning, and Development (ယခု USC Price School) ကိုတက်ရောက်ပြီး ပြည်သူ့ရေးရာမူဝါဒ ပညာကို ထပ်မံ ဆည်းပူးလေ့လာ ခဲ့ပြန်ပါတယ်။

ရှေ့ကာလတွေမှာ ပြင်ပအလုပ်တချို့ လုပ်ခဲ့ပြီး ၁၉၈၂ နောက်ပိုင်းကာလတွေအရောက်မှာတော့ အယ်ဒိပီပါတီရဲ့ ရာထူးတာဝန်အဆင့်ဆင့်ကို ဆက်ခံ လုပ်ကိုင်ခဲ့ပြီး ၂၀၀၃ခုနှစ်အလွန်မှာတော့ ပါတီရဲ့ အထွေထွေအတွင်း ရေးမှူး ချူပ် ရာထူးကို ခန့်အပ်တာဝန်ပေးတာ ခံခဲ့ရပါတယ်။ အဲဒိကာလတွေမှာ အာဘေးရဲ့ နေအိမ်ကို မိုလိုတော်ပ် လို့ခေါ်တဲ့ လက်လုပ်မီးလောင်ဗုံးနဲ့ အကြိမ်တော်တော်များများပစ်ပေါက် တိုက်ခိုက်တာမျိုးတွေ ကြုံ ခဲ့ရပါတယ်။ တိုက်ခိုက်တဲ့သူတွေက ဘော်ယူကူဒန် လို့ ခေါ်တဲ့ ယာကူဇာအဖွဲ့က သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် တိုက်ခိုက်မှုတိုင်း ထိခိုက်ဒဏ်ရာရခဲ့ တာမျိုးတော့ မရှိခဲ့ပါဘူး။

၂၀၀၆ခုနှစ် စက်တင်ဘာ ၆ရက် ရှင်ဇို အာဘေးရဲ့ အသက် ၅၂နှစ် အရောက်မှာတော့ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ရာထူး နေရာကို ရွေးကောက်ခံခဲ့ရပါတယ်။  ဒီလိုနဲ့ အာဘေးဟာ  ၁၉၄၁ခုနှစ်မှာ သူ့ထက်အရင် အသက် ၄၅နှစ်နဲ့ ဝန်ကြီးချုပ် ရာထူးကို ရွေးချယ်ခံခဲ့ ရဖူးတဲ့ ဖူမီမားနိုး ခနိုးအဲ ပြီးရင် ဒုတိယမြောက် အသက်အငယ်ဆုံး ဝန်ကြီး ချုပ် ဖြစ်လာခဲ့ပါတယ်။

သူ့သက်တမ်းတလျှောက် ဝန်ကြီးချုပ်ရာထူးကို ၂၀၀၆ခုနှစ်ကနေ ၂၀၀၇ ထိ တစ်ကြိမ်၊ နောက်ထပ် လည်း ၂၀၁၂ခုနှစ်ကနေ ၂၀၂၀ အထိ ရှစ်နှစ်တိုင် ဆက်လက် ရာထူးဆက်ခံ တာဝန်ယူ့ခဲရသူမို့ ဂျပန်သမိုင်းမှာ သက်တမ်းအရှည်ဆုံး သက်တော်ရှည် ဝန်ကြီးချုပ်လို့ ပြောဆို ဂုဏ်ပြုကြပါတယ်။

ရှင်ဇို အာဘေးရဲ့ ဖူးစာရှင် အိမ်ထောက်ဖက်က သူ့ထက် ၇နှစ်ကျော်ငယ်တဲ့ အကိအဲ မာဇူစကိ ဆိုတဲ့ သူဌေးသမီး တစ်ယောက် ဖြစ်ပြီး ၁၉၈၇မှာ လက်ထပ်ခဲ့ကြပါတယ်။ ဂျပန်နိုင်ငံမှာ အကြီးဆုံးမုန့်မျိုးစုံထုတ်လုပ်တဲ့ မိုရီနာဂ ကုမ္ပဏီ ဥက္ကဌရဲ့ သမီး လည်းဖြစ်ပါတယ်။ သူဌေးသမီး ဆိုပေမယ့် သူရဲမူလအလုပ်က ရေဒီယိုမှာ ဖျော်ဖြေရေး တွေ တင်ဆက်ရတဲ့ ရေဒီယို ဒီဂျေ တစ်ယောက် အဖြစ်လုပ်ကိုင်ခဲ့သူပါ။ ရေဒီယို အစီအစဥ်တွေမှာ လူကြိုက်များ တဲ့ သူတစ်ယောက်ဖြစ်ပြီး သူဖွင့်ပေး လွှင့်ပေးတဲ့ သီချင်းတွေကို အရမ်းလူကြိုက်မျာပြီး “ဒီဂျေအာကိ” ဆိုတဲ့ နာမည် နဲ့ အောင်မြင်ကျော်ကြားသူပါ။

အာဘေးတို့ မောင်နှံမှာ မျိုးသန္ဓေနဲ့ ဆိုင်တဲ့ ပြဿနာတစ်ချို့ရှိနေခဲ့ပြီး ကုသမှုတွေ ခံယူခဲ့ ပေမယ့် သားသမီးကံ ပါမလာခဲ့ဘူးလို့ ဆိုရမှာပါ။

၂၀၁၃ခုနှစ် မေလ ၂၄ ရက်နေ့မှာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တစ်ယောက် ဇနီးသည် အကိအဲ နဲ့ အတူ မြန်မာ နိုင်ငံကို တရားဝင်ခရီးစဥ် အဖြစ် လာရောက်ခဲ့ပါတယ်။ ဒီလို လာရောက်တာဟာ နှစ်ပေါင်း ၃၆နှစ်အတွင်း မြန်မာနိုင်ငံကို လာရောက်တဲ့ ဂျပန်ရဲ့ ပထမဆုံး နံပါတ် ၁ အဆင့်ရှိတဲ့ ခေါင်းဆောင်ရဲ့ ခရီးစဥ် အဖြစ်လည်း သမိုင်းမှတ်တမ်း ဝင်ခဲ့ရပါတယ်။ခရီးစဥ်က သုံးရက်ခရီးစဉ်ပါ။ ဒုတိယအကြိမ်တရားဝင် မြန်မာနိုင်ငံခရီးစဥ် ကိုတော့ ၂၀၁၄ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့မှာ လာရောက်ခဲ့တာဖြစ်ပါတယ်။

အလည်အပတ်ခရီးစဥ် နှစ်ခေါက်လုံးမှာ မြန်မာနိုင်ငံအတွက် အခြေနေ အချိန်အခါနဲ့ ကိုက်ညီလိုအပ် နေတဲ့ အကူညီတွေ ဂရုတစိုက် လုပ်ဆောင်ပေးခဲ့တယ်။ မစ္စတာအာဘေး ပေးခဲ့တဲ့ အကူအညီတွေက ထုထည်လည်းကြီးမားသလို မြန်ဆန်ထိရောက်တာမို့ ရလဒ်တွေကိုလည်း သူကိုယ်တိုင် ပြန်မြင်တွေ့ခွင့်ရခဲ့ပါတယ်။

၂၀၂၂ခုနှစ် ဇူလိုင်လ ၈ရက် နေ့မှာတော့ မစ္စတာ အာဘေးတစ်ယောက် ဂျပန်နိုင်ငံ ကရှိဟာရမြို  နာရ ဆိုတဲ့ အရပ်ဒေသက မဲဆွယ်ဟောပြောပွဲ တစ်ခုမှာ သေနတ်သမား တစ်ယောက်ရဲ့ ပစ်ခတ် လုပ်ကြံခံခဲ့ရလို့ ကွယ်လွန်သွားခဲ့ရပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၆၇ ရှိပြီဖြစ်ပါတယ်။

ကိုးကား။ အင်တာနက်စာမျက်နှာများ

Leave a Reply

Your email address will not be published. Required fields are marked *