အိမ်ကနေတစ်မိုင်လောက်ဝေးတဲ့အထိထွက်သွားခဲ့တဲ့လိပ်ကလေးတွမ်မီ

စကော့တလန်နိုင်ငံကနယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ ဆဲလ်ကတ်မှာ တွမ်မီလို့ခေါ်တဲ့ အိမ် မွေးလိပ်ထီးလေးတစ်ကောင် အရင်အ ပတ်က ရုတ်တရက်ပျောက်သွားခဲ့ပါတယ်။ လက်တစ်ဖက်တည်းနဲ့ကိုင်လို့ရလောက်အောင်အရွယ်အစားသေးငယ်ပေမယ့် အ သက်ကနှစ်၆၀ရှိနေပါပြီ။

ကာသရင်စကော့လို့အမည်ရတဲ့ ပိုင်ရှင် အမျိုးသမီးက သူ့ကိုမွေးထားတာ နှစ်ပေါင်း ၄၀ရှိနေပြီလို့ဆိုတယ်။ တွမ်မီဟာ အကောင် ငယ်ပြီး အသွားသာနှေးတာ အိမ်ထဲမှာ အောင်းမနေဘဲ သွားချင်လာချင်စိတ် ထက် သန်ပုံရတယ်။ ၂၀၁၇ခုနှစ်မှာ အိမ်က ထွက်သွားဖူးတယ်။ အိမ်ဘေးကလမ်းကို ဖြတ်ကူးပြီး ကပ်လျက်အိမ်ကဥယျာဉ်ထဲ ရောက်သွားခဲ့တာပါ။

ဒီတစ်ခေါက်မှာတော့ တွမ်မီဟာ သူ့သခင်မ ကာသရင်စကော့အိမ်မှာမရှိတဲ့အချိန် အ ပြင်ထွက်သွားခဲ့တာလို့ဆိုပါတယ်။ ဘယ် လောက်ဝေးသလဲဆို ဆဲလ်ကတ်မြို့စွန်အထိ ရောက်ခဲ့သွားခဲ့တယ်။

ကာသရင်ဟာ သူအိမ်မှာမရှိတဲ့ နှစ်ရက် အတွင်း ဘယ်လောက်အထိဝေးအောင် ထွက်သွားပြီလဲလို့ စိတ်ပူပြီး တွမ်မီကို မြို့အနှံ့လိုက်ရှာတယ်။ လူမှုကွန်ရက် တွေထဲမှာလဲ မိတ်ဆွေတွေကို ဝိုင်းကူပြီး ရှာပေးဖို့ အကူအညီတောင်းခဲ့ရတယ်။

နောက်ဆုံးမှာတော့ တွမ်မီကို ရစ်ဗားဆိုက် သက်ကြီးစောင့်ရှောက်ရေးဂေဟာ အပြင် ဖက်မှာ ပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။

Ref: BBC

Leave a Reply

Your email address will not be published. Required fields are marked *