အိပ်မက်ဆုံရာကနေ ထွက်ပေါ်လာတဲ့ တေးသံရှင် အာ ကာအောင်ခင်ဝင်း ကွယ်လွန်

အိပ်မက်ဆုံရာ Season1မှာ ဒုတိယဆုရရှိခဲ့တဲ့ တေး သံရှင်အာကာအောင်ခင်ဝင်းဟာ ဒီဇင်ဘာလ၃ရက်နေ့ညနေပိုင်းကအသည်းရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ ဂီတအသိုင်းအ ဝိုင်းက သိရပါတယ်။

အာကာအောင်ခင်ဝင်းကွယ်လွန်ခဲ့တာနဲ့ပတ်သက်ပြီး သူ့ရဲ့မိတ်ဆွေတစ်ဦးက “ဟျောင့် အာကာ မင်းကတိမတည်ဘူး။မင်းပြောတော့ ငါနေကောင်းရင် မင်းဆို ငါကဂစ်တာထပ်တီးပေးမယ်ဆို တစ်နေ့ သေခြင်းတရားဆိုတဲ့လမ်းကို လူ တိုင်းသွားရမှာသိပေမယ့် မင်းသွားတာစောတယ်ကွာ “လို့လူမှုကွန်ရက်စာမျက်နှာကနေ ဝမ်းနည်းစကား ပြောခဲ့ပါတယ်။

အာကာအောင်ခင်ဝင်းဟာ အိပ်မက်ဆုံရာ Season1မှာ ဒုတိယဆုရရှိခဲ့ပြီးနောက် The Voice ပြိုင်ပွဲမှာလည်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကာ အသိအမှတ်ပြု ဆိုတဲ့နာမည်နဲ့ တစ် ကိုယ်တော်တေးအယ်လ်ဘမ်တစ်ချပ် ထွက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Visited 23 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *