
Photo Credit: Reliance group/AP
ဂူဂျာရတ်၊ မေ ၅
အာရှ နံပါတစ် သူဌေးကြီး ဖြစ်တဲ့ မူကက်ရှ် အမ်ဘာနီရဲ့ အမွေခံသားဖြစ်တဲ့ အာနန့် အမ်ဘာနီရဲ့ မေလ ၁ရက်နေ့ကနေ ၃ရက်နေ့အထိ ဂူဂျာရတ်ပြည်နယ် ဂျမ်နဂါမှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲ အကြိုဧည့်ခံပွဲကို ကမ္ဘာ့မျက်နှာဖုံးတွေဖြစ်တဲ့ မာ့ခ်ဇူကာဘတ်၊ ဘီလ်ဂိတ် နဲ့ အိုင်ဗန်ကာထရန့်တို့ အပါအဝင် နာမည်ကျော်တွေ အများအပြား တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
သတို့သားလောင်း အာနန့် အမ်ဘာနီ ဟာ အာရှရဲ့ အချမ်းသာဆုံး သူဌေးကြီး မူကက်ရှ် အမ်ဘာနီရဲ့ အငယ်ဆုံးသားဖြစ်ပြီး ခန့်မှန်းခြေ ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၁၁၇ ဘီလီယံရှိကြောင်း ဖော့ဘ် က ဖော်ပြထားပါတယ်။
အာနန့်ဟာ အသက် ၂၈နှစ်ရှိနေပြီး သူ့ချစ်သူ ရက်ဟီကာ မားချန့် ကတော့ ၂၉နှစ်ပါ။
အခမ်းအနား တစ်လျောက် ဧည့်သည်တွေကို စားဖိုမှူး ၁၀၀ က ဖန်တီးထားတဲ့ ဟင်းပွဲ ၅၀၀နဲ့ ဧည့်ခံခဲ့ပါတယ်။
လေဆိပ်အာဏာပိုင်တွေရဲ့ ပြေပြချက်အရ ဧည့်ခံပွဲကို လာတဲ့ ဧည့်သည်တွေရဲ့ လေယာဉ်တွေက အစင်းရေ ၁၃၀ကျော်ရှိတယ်လို့ သိရပါတယ်။
မင်္ဂလာပွဲအတွက် အထူးသီးသန့်ဆောက်လုပ်နေတဲ့ ဟိန္ဒူဘုရားကျောင်းအသစ်ကို နောက်ပိုင်းမှာ အများပြည်သူအတွက် ဖွင့်လှစ်သွားမယ်လို့လည်း သိရပါတယ်။
အမ်ဘာနီမိသားစုဟာ မင်္ဂလာ ပွဲအလှုအနေနဲ့ ကျေးလက်က ရွာသူရွာသား ၅၀၀၀၀ ကျော်ကိုလည်း စုပေါင်းညစာအဖြစ် တည်ခင်းဧည့်ခံခဲ့သေးတယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ ပွဲတက်လာတဲ့ ဇူကာဘတ်တို့ မောင်နှံ
Feature Image Credit: Reliance group/AP



