မွမ်ဘိုင်း၊ အောက်တိုဘာ ၆
အိန္ဒိယ အစိုးရဟာ Twitter၊(အခု X) ၊ ယူကျု့ဘ်နဲ့ တယ်လီဂရမ် စတဲ့ လူမှုမီဒီယာပလက်ဖောင်းတွေမှာ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာအလွဲသုံးစားပြုမှုနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေ မပါဖို့ကို အောက်တိုဘာ ၆ရက်သောကြာနေ့က တရားဝင် ပြောဆိုလိုက်ပါတယ်။
မလိုက်နာခဲ့တဲ့ ကုမ္ပဏီတွေအနေနဲ့ ဥပဒေကြောင်းအရ ဖယ်ရှားပစ်ခံရမယ်လို့ အစိုးရက ထုတ်ပြန်လိုက် ပါတယ်။
Federal Electronics and Information Technology (MEITY) ကနေ ပေးပို့လိုက်တဲ့ သတိပေးချက်တွေမှာ အခု ဖော်ပြထားတဲ့ ဆိုရှယ် မီဒီယာပလက်ဖောင်းတွေပေါ်က ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု မှန်သ မျှကို ချက်ခြင်းဖယ်ရှား ပစ်ဖို့ အရေးကြီးတဲ့အကြောင်း အလေးပေးဖော်ပြခဲ့ တယ်လို့ သိရပါတယ်။
“သူတို့က မြန်မြန်ဆန်ဆန် မဆောင်ရွက်ရင် အိုင်တီအက်ဥပဒေ ပုဒ်မ ၇၉ အတိုင်းသူတို့ ဟာ အိန္ဒိယဥပဒေအရ နောက်ဆက် တွဲအကျိုးဆက်တွေ ရင်ဆိုင်ရလိမ့်မယ်” လို့ အိန္ဒိယ သတင်းအချက်အလက်နည်းပညာဆိုင်ရာ အငယ်တန်းဝန်ကြီး ရာဂျစ် ချန်ဒရာရှိခါ က ထုတ်ပြန်ချက်ထဲမှာ ထည့်ပြီး ဖော်ပြထားပါတယ်။
YouTube နဲ့ Telegram ရဲ့ကိုယ်စားလှယ်တွေနဲ့ X နဲ့ Google ရဲ့ကိုယ်စားလှယ်တွေကတော့ အိန္ဒိယ ရဲ့ တောင်းဆိုချက်အပေါ် တစ်စုံတစ်ရာ တုန့်ပြန်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
Ref: Reuters/fh
ပုံစာ ။ ကယ်လီဖိုးနီးယား က X (twitter) ရုံးချုပ် အဆောက်အဦ
Feature Image Credit: Reuters